CDM ဗက ဇင်ယော်ဆိုတာကCDM မဟုတ်ဘူး။
ဒီလူစကားလုံးတွေပြောင်းလာပြီ။
သူ့ကိုယုံကြည်ပြီးသတင်းအချက်အလက်ပေးလာအောင် တော်လှန်ရေးဟန်ဆောင်မျှားထားတဲ့ ငါးမျှားချိပ်သာဖြစ်ပါတယ်။
ဒါကကျွန်တော့်ခန့်မှန်းချက်။
သူ့ကိုမနာလိုလို့ မုန်းလို့ ရေးတာမဟုတ်ပါဘူး။
သူ့တော်လှန်ရေးဘက်က လိုလို။ယူကျူ့ကနေ ပြောငွေရှာတယ်။ စစ်ရေးသုံးသပ်တယ်ပေါ့။ အစကတော့ သတင်းဟုတ်သည် ဖြစ်စေ။မဟုတ်သည် ဖြစ် စေ မိုတီရတယ်ဆိုပြီး စိတ်မဝင်စားခဲ့ပါဘူး။ ယခုတော့သူ့ကိုစိတ်ဝင်စားလာပြီ။
မအလစစ်တပ်ကို စစ်တပ်လို့သူသုံးလာပြီ၊ နောက်တစ်ခုက စစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်တာလို့ ဒီစကားတွေသူသုံးလာပြီ။မကြာမီမျက်နှာဖုံးကျွတ်ပါတော့မယ်။
သူ့ထဲသွားပြီး စစ်ရေးကိစ္စတွေပြောနေကြတဲ့လူတွေသတိထားဖို့ သတိပေးတာပါ။
မဲဆောက်နေတဲ့ CDM ဗက ကိုခန့်က ဗက ဇင်ယော် ဆိုတာCDM ထဲ မှာမရှိဘူး လို့ သူရေးတာ တွေ့ရတယ်။ နောက်တစ်ခု အခြားသော CDM ဗက တွေထံစုံစမ်းတဲ့အခါ CDM ဆိုတာလဲ မသိကြပါဘူး။ ဒီအသံလဲသူတို့ မကြားဖူးပါဘူး။CDM တွေက သူတို့ ၊CDM အဖွဲ့တွေသင်တန်းတက်ကြတာ တွေ၊အစည်းအဝေးလုပ်ကြတာတွေသူတို့ မှာရှိပါတယ်။ အသံတော့ မှတ်မိကြပါမယ်။ဒါပေမယ့်ဒီအသံသူတို့ မသိဘူး။
ဒါတွေကဒီဇင်ယော်ဆိုသူအပေါ် သံသယပွားစေတာပါဘဲ။နောက်တစ်ခုက သတင်းအမှားတွေသူသုံးသပ်တာတွေပေါ့။
CDM ဗက တစ်ဦးပြောကြားချက်အရ ဒီလူရဲ့စာအရေးအသားတွေက မအလ စစ်ရုံးချုပ်နေဖူးသူ သဘောမျိုးပါဘဲတဲ့ ။
ဒီလိုရေးလို့သူအပေါ် မနာလိုတာ။ မုန်းတာကြောင့် မဟုတ်ပါဘူး။ သူဘယ်သူလဲ။သူကိုဘာကြောင့်စစ်သားCDM တွေမသိကြသလဲ။
သူပြောတဲ့ အထဲ မှာစစ်တပ် ကအိန္ဒိယ နယ်စပ် ဖြစ်တဲ့ ချင်းအဖွဲထိမ်းချုပ်မြေ၊ ရိခေါဒါအပါအဝင်။
တော်လှန်ရေးနှင့်ပတ်သတ်သော အိန္ဒိယနယ်စပ် တလရ တွေ။ ကုလားတန်မြစ် တကြောတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်လိမ့်မယ်။ သူကဒီလိုသုံးနှုံးလာတယ်။ အိန္ဒိယနဲ့ မအလ နဲ့ ပူးပေါင်းစစ်ဆင်ရေးသွားမယ်။သူဒီလိုပြောထားတယ်။ သူက စစ်တပ်လို့ သုံးလာတယ်။နယ်မြေရှင်းလင်းရေးဆိုတာကို စကားပြောင်းသုံးလာတယ်။စစ်တပ်နဲ့မပူးပေါင်းသောအဖွဲ့တွေ၊တလရ နဲ့ပတ်သတ်သောအဖွဲ့တွေကိုစစ်တပ်၏နယ်မြေရှင်းလင်းရေးလုပ်ခြင်းခံရမယ်။သူကဒီသဘောတွေထိပြောလာနေတာကိုတွေ့လာရပါပြီ။သူ့စကားတွေမှာဖိအားပေးပြောလာတဲ့အသုံးအနှုံးတွေပါလာတာကိုလေ့လာလို့ရနေပြီ။
သံသယရှိနေတာတော့ကြာပါပြီ။ ယခုကတော့ ပိုသံသယထားရမည့်အနေ အထားပါဘဲ။
UG တွေသူ ငွေရှာပေးတယ် လုပ်ပြီး UG တွေ ဆက်တိုက်ဖမ်းခံရတာတွေ။ယခုမထိဘဲထိ တယ်ဆိုပြီး လုပ်နေကြတဲ့လျှော့ တိုက်ဒုံးကိစ္စတွေ။
UG ကသူကအလှူခံပေးထောက်ပံ့တော့သူ့ထံအကူညီတောင်းမယ်။ ပြီးတော့ သူနဲ့ အလုံးစုံဆက်သွယ်ပြောပါလိမ့်မယ်။ ဒါက ငွေကြေးပေးပြီးယုံကြည်မှုတည်ဆောက်သတင်းရယူခြင်းဆိုတဲ့သဘောတရားပါဘဲ။ ကျွန်တော်လိုလူမျိုး ထောက်ပံ့လျှင်တော့ အလုံးစုံသူသိမှာမဟုတ်ပါဘူး။ တော်လှန်ရေး လုပ်သူအားလုံးကျွန်တော်လိုတော့ လုံခြုံရေးသတိပြုမည်မဟုတ်ပါဘူး။သူကူညီပေးတာရန်ကုန်UG အများစုပါ။
ရန်ကုန်UG အများစုဟာအော်ပရေးရှင်းပြီးတာနဲ့ဖမ်းခံကြရပါတယ်။ ဒါက ကျွန်တော့သံသယစိတ်ပိုပြီးနိုးကြွလာစေတာပါဘဲ။
သူ့ကအကူညီမပေးလဲ UG ကလုပ်နေမှာဘဲ။သူအကူညီပေးမှသူ့ထံ ကို ရင်းနှီးမှုနှင့်အကုန်ပြောလိမ့်မယ်။ အော်ပရေးရှင်းပြီးတာနဲ့သူ့ထံ အချက်အလက်ပို့လိမ့်မယ်။ ပြီးတာနဲ့ အဖမ်းခံလိုက်ကြရတယ်။ လျှော့ မတွက်ပါနဲ့။ ဘယ်ကလူလဲမသိ။ CDM စာရင်းထဲလဲ မရှိ။ CDM ဗကအချင်းချင်းဆက်သွယ်တာမရှိ။CDM အသင်းအဖွဲ့ထဲလဲမပါသူကို လူလဲမမြင်ဘူး။
ဘယ် တပ်ကCDM လုပ်တာလဲမသိ။ ယုံကြည်ပြီးသွားပြောနေကြလျှင် ခံရမယ်ဗျ။
စစ်တပ်ကCDM လုပ်သူတွေမှာ အဖွဲ့အစည်းဖွဲ့ထားတာတွေရှိကြသလို ။ Zoomတွေလုပ်နေကြတာလဲရှိကြတယ်။ ဒီလို ဂရုတွေထဲလဲသူကမပါဘဲ။ ဆိုရှယ်မှာCDM
ဖြစ်နေတာကစဉ်းရမည့်အချက်တစ်ခုဖြစ်လာပါတယ်။


0 Comments