မြောက်ပိုင်းမဟာမိတ် ဘာလို့
အာဏာသိမ်း စစ်တပ်ကိုမတိုက်တာလည်း...???
နိုင်ငံရေးသမား တစ်ယောက်ဆိုရင်
သဘောပေါက်လောက်မှာပါ ဒါပေမယ့်
တစ်ချို့သော လူတွေအတွက် မသိတာတော့ခက်တယ်
(1)စစ်ကြေငြာမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တွေအတွက် အဓိကအရေးကြီးဆုံးက
ငွေကြေးဆိုင်ရာပဲ ငွေမရှိပဲနဲ့ ကျည်ဆံကိုဘာနဲ့ဝယ်မလည်းဗျာ
စစ်တပ်က နိုင်ငံတော်၏ ဘက်ဂျက်သုံးထားတာလေယာဥ်တောင်သုံးပြီးတိုက်တာ ခင်ဗျာတို့ မြင်တဲ့အတိုင်း ပဲလေ
(2) တရုတ်သြဇာမကင်းကြတာ အမှန်ပဲ
ဘယ်အဖွဲ့ဖြစ်ပါစေ အထက်ပိုင်းကတပ်ဖွဲ့ဆိုရင် တရုတ်နဲ့ပက်သက်မှု့က
အနည်းနဲ့အများရှိစမြဲပဲ
ဘာလို့လည်းဆိုတော့ သေနတ်နဲ့ကျည်ဆံဟာ
တရုတ်ဆီကဝယ်ရတာဖြစ်တာမို့လို့ပါ
(3)စစ်ပြီးရင် တိုင်းရင်းသားတွေအတွက်
ရလာဒ်များကဘာလည်း ဘာအကျိုးခံစားခွင့်
ပေးမှာလည်း စစ်တိုက်တယ်ဆိုတာ အသက်နဲ့ခန္ဓာ
ပေးပြီးရင်းရတာ တစ်ခုခုလိုချင်လို့ စစ်တိုက်ကြတဲ့
အဖွဲ့ပဲ အလကားနေဘယ်အဖွဲ့စည်းကမှရူးပြီးမတိုက်ပါဘူး
(4)တိုင်းရင်းသားမျိုးနွယ်စုများဟာ တန်းတူညီမျှ
အခွင့်အရေးတွေ စတဲအရေးများစွာ ဆုပ်ကိုင်ကာ
ရရာလက်နက်နဲ့ နှစ်ပေါင်း(60)70)လက်နက်ကိုင်ပြီး
တော်လှန်ခဲ့တာ ယခုအချိန်ထိ တိုက်ပွဲဝင်နေတုန်းပဲ
(5)တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး
အဖွဲ့အစည်းများကြားကလည်း နယ်မြေအချင်းချင်း
သတ်မှတ်ပေးပြီးမှသာ အလုပ်စလုပ်လို့ရမှာဖြစ်ပါတယ်
ဒါမှမဟုတ်ရင် သူ့မြေ ကိုယ့်မြေဆိုပြီး အချင်းချင်းပဲ
ပြန်သက်နေကြလိပ်မယ်
အမှားပါရင်ခွင့်လွတ်ပေးပါ
ဝေဖန်အကြုံပြုပေးနိုင်ပါတယ်
ဝေဖန်ပြီးမတိုက်ခိုက်ပါနဲ့
ဆဲဆိုခြင်းသီးခံကြပါ မရိုင်းနဲ့ မရူးနဲ့


0 Comments