မြန်မာနိုင်ငံအတွင်းရှိ
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ (ကပစ) ကို PDF တပ်ဖွဲ့များက
အလစ်ငိုက်တိုက်ခိုက်ခြင်းနှင့် ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းများ
ပြုလုပ်လာနိုင်သည့်အတွက် နေပြည်တော်စစ်ဘက်ဌာနချုပ်မှ
အထူးသတိပေးချက်ထုတ်ပြန်ကာ လုံခြုံရေးတိုးမြှင့်ရန် ညွှန်ကြားထားကြောင်း
သိရသည်။
လက်ရှိအခြေအနေတွင်
တော်လှန်ရေးအင်အားစုများ၏ ဗျူဟာမြောက် ထိုးစစ်ဆင်မှုများကြောင့် အရေးပါသော
စက်ရုံပစ်မှတ်များကို ကာကွယ်ရန်အတွက် ဒရုန်းကာကွယ်ရေးစနစ် (Anti-Drone)
များကို ၂၄ နာရီပတ်လုံး အသင့်ပြင်ထားရန်နှင့် စက်ရုံပတ်လည်ရှိ
ကင်းပွိုင့်များကို ခိုင်မာစွာ တည်ဆောက်ထားရန် လိုအပ်လျက်ရှိသည်။
ထို့အပြင်
စက်ရုံဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များအကြား သတင်းအချက်အလက်
စီးဆင်းမှုမရှိစေရန် ဖုန်းအသုံးပြုမှုများကို တင်းကျပ်စွာ
စစ်ဆေးလျက်ရှိပြီး၊ စက်ရုံပတ်လည်ရှိ နယ်မြေခံတပ်ရင်းများနှင့် ပူးပေါင်းကာ
သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးမှုများ
ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
Link>>>SENAI UPDATES


0 Comments