About Me

header ads

ရှမ်းမြောက်ရဲ့ ဆိုင်းဘုတ် အပြောင်းဆုံးမြို့

 

ရှမ်းမြောက်ရဲ့ ဆိုင်းဘုတ် အပြောင်းဆုံးမြို့

ဗမာစာကနေ ပလောင်စာ ( ၁၀၂၇ ကာလ )
ပလောင်စာကနေ တရုတ်စာ ( ၁၀၂၇ အလွန် )
မကြာမှီ တရုတ်စာကနေ ဗမာစာ ( ၂၀၂၆ မိုးရာသီ )
ရှမ်းစာနဲ့ကချင်စာက မှေးမိန်နေ

TNLA က စကမကို တိုက်ထုတ်အပြီး
KIA ကို ရိုက်နှက်မောင်းထုတ်
KIA ကို မောင်းထုတ်အပြီး တစ်နှစ်အကြာ
MNDAA ကို ရိုက်နှက်ဖမ်းဆီးလာ
MNDAA က TNLA ကို ပြန်တိုက်ထုတ်
မကြာမှီ
MNDAA ကနေ စကမကို ပြန်မလွှဲခင်
SSPP လက်ထဲ KIA တပ်သားတစ်ဦးထပ်သေဆုံး
အဲ့တာ ရှမ်းမြောက်ရဲ့ ဆိုင်းဘုတ်အပြောင်းဆုံး ကွတ်ခိုင်မြို့နယ်။

မုံးစီးမှာ KIA တပ်ဖွဲ့ဝင် (၃) ဦးနဲ့ အရပ်သား (၃) ဦးကို
MNDAA ဘက်က ပစ်သတ်ခဲ့တဲ့သမိုင်းဆိုး
တိုင်ပတ်နေတဲ့ ကွတ်ခိုင်မြို့နယ်။

ဘယ်အဖွဲ့ပဲ နိုင်နိုင်
အမြဲ ဒေသခံပြည်သူတွေ ဆုံးရှုံးနှစ်နာပြီး
အိမ် ခြံ မြေ စျေး မတရားသိမ်းခံရတာလဲ
ကွတ်ခိုင်မြို့နယ်။

ဘာပဲဖြစ်ဖြစ်
ပြည်သူ့ အိမ် ခြံ မြေ စျေး
ဦးဆောင်သိမ်းယူခဲ့သူနဲ့ အဖွဲ့သားအားလုံး
ပြည်သူ့ကျိန်စာနဲ့ သဘာဝကျိန်စာ
ဧကန် မုချ သင့်ပါစေ။

ချစ်ခြင်းများစွာဖြင့်
MMSL Tsa Lum
17/5/2026

Crd to KSSM

ကွတ်ခိုင်မြို့ကို စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များကို MNDAA လက်လွှဲရန် ပြင်ဆင်နေ။

မေလ ၊ ၁၇ ရက် ၊ ၂၀၂၆ ခုနှစ်။
KSSM ( နမ့်ဖတ်ကာ )

TNLA ကို တိုက်ထုတ်ပြီး ကိုးကန့် MNDAA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်တပ်၏ ရှေ့ပြေးအုပ်ချုပ်ရေးအဖွဲ့များ မကြာခင် ဝင်ရောက်လာတော့မည်ဟု သတင်းများထွက်ပေါ်လာနေပါသည်။

“ အကြမ်းဖက်စစ်တပ်ကို TNLA က တိုက်ထုတ်ခဲ့တယ် ၊ TNLA က မြို့ထဲကနေ KIA ကို အရင်းဖမ်းဆီး မောင်းထုတ်ခဲ့ပြီး MNDAA တပ်ကိုပါ ရိုက်နှက်ဖမ်းဆီးခဲ့တယ်။ အခုတော့ TNLA ကို MNDAA က တိုက်ထုတ်ခဲ့တဲ့ ကွတ်ခိုင်ကို မကြာခင် စစ်တပ်အုပ်ချုပ်ရေးအဖွဲ့တွေပြန်ဝင်လာတော့မယ်လို့ သိရတယ် ” ဟု CDM အရာရှိတစ်ဦးက KSSM သို့ ပြောဆိုသည်။

အစကတည်းက အကြမ်းဖက်စစ်တပ်ပိုပြန်အပ်ဖို့အစီအစဉ်ရှိရင် ၁၀၂၇ စစ်ဆင်ရေးမလုပ်သင့်ဘူး ၊ TNLA နဲ့ MNDAA က သူတို့လူကြီးနဲ့အဖွဲ့စီးပွါးရေးနဲ့ နယ်မြေထိန်းချုပ်ရေးအတွက် နွေဦးတော်လှန်ရေးကို အကွက်ကျကျ အသုံးချသွားတာပဲဟု အထက်ပါအရာရှိက ထပ်မံပြောဆိုသည်။

သိန်းနီ ၊ ကွတ်ခိုင်နဲ့နမ့်ခမ်းကို စစ်တပ်ရဲ့အုပ်ချုပ်ရေးဌာနတွေပြန်ဝင်နိုင်ဖို့ တရုတ်အစိုးရကနေ MNDAA နဲ့ TNLA ကို ဖိအားပေးထားတာကြာပြီ ၊ ဒီအတိုင်းဆို ဒီနှစ်မိုးတွင်းကာလ ပြန်ဝင်လာနိုင်တယ်ဟု နမ့်ဖတ်ကာကျေးရွာမှ ဝါရင့်နိုင်ငံရေးသမား ဦးနော်ရာက သုံးသပ်ပြောဆိုထားသည်။

မိဘပြည်သူများ ဘေးကင်းကြပါစေ။
ပြည်သူ့အတွက် လွတ်လပ်သောသတင်းဌာန KSSM

The Kachin Sub-State Media သတင်းများကို https://t.me/+ab6DWv-NS69iMmU1
Telegram Channel တွင်လည်း ဖတ်ရှုနိုင်ကြောင်း အသိပေးအပ်ပါသည်။

ဒေသတွင်း နေ့စဉ်ဖြစ်ပွားနေသောသတင်းများကို မိဘပြည်သူများအနေဖြင့် KSSM ၏ Page Messager ( https://www.facebook.com/profile.php?id=100091966100964... )
နှင့် WeChat Channel ( ID : KachinSubStateMedia ) သို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါသည်။

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ  

  

Post a Comment

0 Comments