လွတ်လပ်ရေးကို အချိန်ဆွဲပြီး ယူခဲ့ကြတဲ့ နိုင်ငံများ
အခုပြောမယ့်နိုင်ငံတွေက ဗြိတိသျှအင်ပါယာဆီကနေ
လွတ်လပ်ရေးယူတဲ့နေရာမှာ မြန်မာနိုင်ငံလိုမျိုး တစ်ရက်တည်းနဲ့
လုံးဝပြတ်ပြတ်သားသား ခွဲထွက်ခဲ့ကြတာ မဟုတ်ဘဲ
ဗြိတိန်က လွတ်လပ်ရေးပေးထားပြီးဖြစ်ပေမယ့်လည်း
"အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့ သမ္မတနိုင်ငံ" ဖြစ်ဖို့အတွက်
နှစ်ပေါင်းများစွာ အဆင့်ဆင့် တည်ဆောက်ပြီးမှ လွတ်လပ်ရေးကို
တဖြေးဖြေးချင်းရယူခဲ့ကြတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။
နောက်ပြီး ဒီနိုင်ငံတွေက အစောပိုင်းကာလတွေမှာ
ဗြိတိန် ဘုရင် ဒါမှမဟုတ် ဘုရင်မကိုပဲ နိုင်ငံ့ခေါင်းဆောင်အဖြစ် ထားရှိတဲ့ "ဓနသဟာယ" အဖွဲ့ထဲမှာ နေခဲ့ကြရင်း ...
နိုင်ငံတစ်ခုရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
သေချာပြင်ဆင်ပြီးနောက်မှ သမ္မတနိုင်ငံအဖြစ် အသွင်ပြောင်းခဲ့ကြတာပါ။
(- အိန္ဒိယနိုင်ငံ -)
အိန္ဒိယနိုင်ငံဟာ ဗြိတိန်ဆီကနေ ၁၉၄၇ ခုနှစ်မှာ
လွတ်လပ်ရေးရခဲ့တာ မှန်ပေမယ့်.... အဲဒီအချိန်ကာလမှာ အိန္ဒိယက
အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ချက်ချင်းဖြစ်မလာသေးပါဘူး။
ပထမဆုံး (၁၉၄၇) ဒိုမီနီယံအဆင့်နဲ့ လွတ်လပ်ရေးယူပြီး
အိန္ဒိယနိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် ဗြိတိန်ဘုရင် ဂျော့ချ် (VI) ကိုပဲ
ဆက်လက်ထားရှိခဲ့ပါတယ်။
အပြီးသတ်အဆင့်အနေနဲ့ လွတ်လပ်ရေးရပြီး (၃) နှစ်အကြာ
၁၉၅၀ ခုနှစ် ၊ ဇန်နဝါရီလ ၂၆ ရက်နေ့ကြမှ ...အိန္ဒိယနိုင်ငံရဲ့ ကိုယ်ပိုင်
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုပြီး ဗြိတိန်ဘုရင်ကို
နိုင်ငံခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားကာ "အိန္ဒိယ သမ္မတနိုင်ငံ" အဖြစ်
အပြည့်အဝ လွတ်လပ်ရေးရယူခဲ့ပါတယ်။
ဒီနေရာမှာ အိန္ဒိယက သမ္မတနိုင်ငံ ဖြစ်လာတဲ့အခါ
"ဗြိတိသျှ ဓနသာဟယအဖွဲ့" စည်းမျဥ်းအရ ဗြိတိန်ဘုရင်ကို
နိုင်ငံရဲ့ အကြီးအကဲနေရာမှာ ဆက်ထားလို့ မရတော့ပါဘူး။
ဒါကြောင့် ဗြိတိန်ဘက်ကနေ ၁၉၄၉ ခုနှစ် လန်ဒန် ညီလာခံမှာ
သမိုင်းဝင် လိုလျောမှုကြီးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
အဲဒါက ဘာလဲဆိုတော့ အိန္ဒိယနိုင်ငံကို ဓနသဟာယအဖွဲ့ထဲမှာ
ဆက်နေလို့ရအောင်.... ဗြိတိန်ဘုရင်ကို နိုင်ငံ့ဥသျှောင် (Head of State)
အဖြစ် သတ်မှတ်ရမယ့် စည်းမျဥ်းကို ပြင်ဆင်သတ်မှတ်ပေးခဲ့ပါတယ်။
အဲဒီအစား ဗြိတိန်ဘုရင်ကို ဓနသဟာယအဖွဲ့ရဲ့ အကြီးအကဲအဖြစ်သာ
သတ်မှတ်ကြဖို့ သဘောတူခဲ့ကြသလို... အိန္ဒိယရဲ့ သမ္မတနိုင်ငံ ဂုဏ်သိက္ခာကို
ငဲ့ကွက်ပြီး ဗြိတိသျှ ဓနသဟာယ" (British Commonwealth) ဆိုတဲ့
အဖွဲ့အစည်းနာမည်က ဗြိတိသျှ (British) ဆိုတဲ့ စကားလုံးကို
ဖြုတ်ပေးခဲ့ပါတယ်...။
ဒီလိုနဲ့ပဲ အိန္ဒိယနိုင်ငံဟာ ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ


0 Comments