About Me

header ads

၁၉၅၀မြန်မာ "အင်္ဂလိပ်အမွေ ရွှေခေတ်"


 

 ၁၉၅၀ ဝန်းကျင် မြန်မာတွေရဲ့ "အင်္ဂလိပ်အမွေ ရွှေခေတ်"

လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံဟာ အာရှမှာ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်ခဲ့ဖူးတယ်ဆိုပြီး ခင်ဗျားတို့ ၊ ကျွန်တော်တို့ အားလုံး ဂုဏ်ယူခဲ့ကြဖူးပါတယ်။

တကယ်တော့ အဲဒါတွေက ကိုယ့်အစွမ်းအစနဲ့ ဖန်တီးပြီး
ချမ်းသာကြွယ်ဝတာမျိုးမဟုတ်ဘဲ ဗြိတိသျှတို့ ဆယ်စုနှစ်များစွာကြာအောင် တည်ဆောက်ခဲ့တဲ့ "ကိုလိုနီ စီးပွားရေး အဆောက်အအုံကြီး" ကို လက်လွှဲရယူလိုက်ခြင်းကြောင့်သာ ဖြစ်ပါတယ်။

ဥပမာ - BOC လို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု နည်းပညာနဲ့
အခြေခံအဆောက်အအုံတွေ ၊ အဲဒီခေတ်က ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းထဲမှာ
ပါတဲ့ နမ္မတူဘော်တွင်း သတ္တုတွင်းတွေ ၊ Steel Brothers လို ကုမ္မဏီကြီး
တွေရဲ့ သစ်တောစီမံခန့်ခွဲမှုနဲ့ ကျွန်းသစ်ထုတ်လုပ်မှုစနစ်တွေကို မြန်မာအစိုးရက အမွေရရှိခဲ့လို့သာဖြစ်ပါတယ်။ ဒါတွေဟာ ဗြိတိသျှတွေရဲ့ အင်ဂျင်နီယာ အတတ်ပညာတွေ စီမံခန့်ခွဲမှုတွေနဲ့ စနစ်တကျတည်ဆောက်ထားခဲ့တဲ့ အခြေခံ စီးပွားရေး အဆောက်အအုံတွေပဲ ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေးကိုကြည့်မယ်ဆိုရင်လည်း
ဗြိတိသျှတွေဟာ တနိုင်ငံလုံးကို ချိတ်ဆက်ထားတဲ့ မီးရထားကွန်ရက်တွေ ၊
Irrawaddy Flotilla လို ကမ္ဘာ့အကြီးဆုံး မြစ်တွင်းရေကြောင်း သွားလာရေး ကုမ္ပဏီကြီးရဲ့ သင်္ဘောတွေနဲ့ ဆိပ်ကမ်းတွေကို မြန်မာအစိုးရက အဆင်သင့် ရရှိခဲ့တာသာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းဟာလည်း ဗြိတိသျှ ပညာရေးစနစ် (Oxford/Cambridge Model) ကို ကျင့်သုံးခဲ့လို့ ရရှိလာတဲ့ အရှိန်အဟုန်မျှသာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးစ ၁၉၅၀ ကျော်ကာလတွေမှာ မြန်မာနိုင်ငံက "ချမ်းသာ" နေသယောင် ရှိခဲ့တာဟာ အင်္ဂလိပ်တွေ ချန်ထားခဲ့တဲ့ "အရှိန် (Momentum)" ကြောင့်သာဖြစ်ပါတယ်..။

နောက်ပိုင်းမှာ ဗြိတိသျှတွေရဲ့ စနစ်ကို ကိုယ်ပိုင်စနစ်နဲ့ အစားမထိုးနိုင်သလို
တစ်လွဲစီမံခန့်ခွဲမှုတွေကြောင့် အဲဒီအရှိန် (Momentum) ကုန်သွားတဲ့အခါ မြန်မာဟာ အာရှရဲ့ အဆင်းရဲဆုံး နိုင်ငံစာရင်းထဲကို ပြန်ရောက်သွားခဲ့ပါတယ်....။

ဒါကြောင့်.... မြန်မာဟာ တချိန်က အာရှကျားဖြစ်ခဲ့တယ်ဆိုတာထက်
အာရှကျားဖြစ်ဖို့ အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ဖူးရုံမျှသာ ဖြစ်တယ်လို့ ပြောရင် ပိုမှန်ပါတယ်။ 

Link>>>https://www.facebook.com/photo/?fbid=906588619107384&set=a.102266106206310 

Post a Comment

0 Comments