ပလောင်သမိုင်း အပိုင်း (၁၉)
နမ့်ဆန် (တောင်ပိုင်) စော်ဘွားကြီး ခွန်ပန်းစိန်![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
နမ့်ဆန်
(တောင်ပိုင် ) တော်ကြီးဘုရား စော်ဘွားခွန်ပန်းစိန်သည် ၁၈၉၄ ခုနှစ်၊
စက်တင်ဘာလတွင် မွေးဖွား၍ အသက် (၂၂) နှစ်အရွက် ၁၉၁၆ ခုနှစ်၌ အိမ်ရှေ့စံအရာ
(ခ) ကျမိုင်း (ကျမိန်း) အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၂၆ ခုနှစ်တွင်
ခမည်းတော်ခွန်ဆင်အွမ် ကွယ်လွန်အနိစ္စရောက်၍ စော်ဘွားအရာကို
ဆက်ခံခွင့်ရခဲ့ခြင်းဖြစ်သည်။
တော်ကြီးဘုရား စော်ဘွားကြီးခွန်ပန်းစိန်သည် တောင်ပိုင်နယ် နမ့်ဆန်မြို့ကို
အုပ်ချုပ်ခဲသော ကာလတွင် အင်္ဂလိပ် ဝန်ထောက်တစ်ဦးထားရှိသည်။ တောင်ပိုင်နယ်၊
နမ့်ဆန်မြို့နယ်သည် အရှေ့ဘက်အထိ ၊ မြောက်ဘက်လားသော်၊ မိုးမိတ်နယ်အထိ ၊
တောင်ဘက်လားသော် သီပေါနယ် နယ် နယ်နိမိတ်မှာ အရှေ့ဘက်ခြမ်းတွင်
လားရှိုးနားဆိုင်းအထိ ၊ အနောက်ဘက်ခြမ်းတွင် ကတ်ယတ်ကျောက်ဖြူအထိ၊
တောင်ဘက်တွင် မိုင်းငေါ့အထိ ပါဝင်ခဲ့သည်။
တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန်လက်ထက်တွင် နမ္မတူ ဘော်တွင်း၊
ဟင်ပုတ်၊ မန်စံ၊ ပန်လုံတို့ကို နမ့်ဆန်မြိုုနယ်လက်အောက်တွင် ထားရှိသည်။
နမ့်ဆန်မြို့နယ်မြောက်ဘက် နယ်နိမိတ်မှာ နမ့်ပါတစ်ချောင်းအထိ ဖြစ်သည်။ ကချင်
မန်မောက်ရွာ၊ နမ့်ယန်းရွာ၊ ပန်ခိုင် (ပန်ချဲင်)ရွာတို့သည်လည်း ယခင်က
နမ့်ဆန်မြို့နယ်ထဲတွင် ပါဝင်ခဲ့သည်။
နမ့်ဆန်မြို့နယ်အုပ်ချုပ်မှုအတွက် နယ်ပိုင် (ခ) တိုက်သူကြီး (၁၄) နယ်ပိုင်အထိ ခန့်အပ်ဖွဲ့စည်းအုပ်ချုပ်ခဲ့သည် ။ ၎င်းတို့မှာ
(၁) မြို့မ နယ်ပိုင် ၊
(၂) ဇယန်းကြီး နယ်ပိုင်၊
(၃) စောပနာ နယ်ပိုင် ၊
(၄) ရှော်လဲ နယ်ပိုင်၊
(၅) တောင်မ နယ်ပိုင် ၊
(၆) မန်စံမိုင်းမူး နယ်ပိုင်၊
(၇) ခွန်ဟောက် နယ်ပိုင်၊
(၈) ကွမ်ဟယ် နယ်ပိုင်၊
(၉) မန်နောက် နယ်ပိုင်၊
(၁၀) ကျောက်ဖြူ နယ်ပိုင်၊
(၁၁) ကယားကြီး နယ်ပိုင်၊
(၁၂) မြို့သစ် နယ်ပိုင်၊
(၁၃) အနောက်ကင်း နယ်ပိုင်နှင့်
(၁၄) မိုင်းငေါ့ နယ်ပိုင်ဟူ၍ စုစုပေါင်း (၁၄) နယ်ပိုင်တို့ဖြစ်ကြသည်။
ဗြိတိသျှခေတ် နမ့်ဆန်တောင်ပိုင် စော်ဘွားကြီး၏ လက်အောက်ခံ မြို့စားများမှာ
(၁) ပန်ဟိုက် (နမ္မတူ) မြို့စား၊ (၂) မိုင်းငေါ့မြို့စားနှင့် (၃)
မန်စံမိုင်းမူးမြို့စားတို့ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အပြီး မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင်
တိုင်းရင်းသားသွေးစည်း ညီညွတ်ရေးတည်ဆောက်ရန်အတွက် အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်နှင့်အတူ ရှမ်းပြည်နယ်စော်ဘွားများ ကောင်စီဥက္ကဌအဖြစ်
တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိတ်သည် တောင်တန်းနယ်များ၏
ထိပ်တန်းခေါင်းဆောင် နေရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
အချုပ်အခြားအာဏာပိုင်နှင့် လွတ်လပ်သော မြန်မာနိုင်ငံတော် ပေါ်ထွန်းရေးတွင်
သမိုင်းဝင် “ပင်လုံစာချုပ်” ကိုတောင်တန်းများ၏ခေါင်ဆောင်အဖြစ် ဦးဆောင်၍
လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
သို့သော် ကုန်းဘောင်ခေတ်မှ အင်္ဂလိပ်ကိုလိုနီခေတ်ကာလ တစ်လျှောက်လုံး၌
မြန်မာနိုင်ငံအရှေ့ ဘက်တောင်တန်းဒေသတွင် ဝနယ်၊ ရှမ်းနယ်၊ တောင်ပိုင်နယ်
(တအန်းပြည်နယ် )နှင့် ကရင်နီနယ် စသည့်ပြည်နယ် (၄) ပြည်နယ် ရှိခဲ့သည်။
ထိုစဉ်က အုပ်စိုးသူ အင်္ဂလိပ်တို့က ကချင်နယ်မြေကို ကချင်းတောင်တန်း
(Kachin Hill) အဆင့်သာ အသိအမှတ်ပြုထားခဲ့သည်။ ထိုကချင်တောင်တန်းဒေသ
(တအန်းပြည်နယ်) ဧရိယာမှာ မြစ်ကြီးနား ၊ တနိုင်းနှင့် ဗန်မော်အရှေ့ဘက်
ဆဒုံဆမား ၊ ဂေါ်ရီတောင်တန်းဒေသတို့ ဖြစ်သည်။
သို့ရာတွင် ကချင်ဒူးဝါများသည် ကချင်လူမျိုးတို့အတွက် ကချင်ပြည်နယ်
ရရှိရေးကို ပင်လုံညီလာခံ မတိုင်မီမှ ပင်လုံညီလာခံ ကျင်းပသည်အထိ
တစိုက်မတ်မတ် တိုက်ပွဲဝင် တောင်းဆိုဆွေးနွေးခဲ့ကြသည်။ ကချင်ပြည်နယ်
ရရှိရေးကို ကချင်းဒူးဝါများက ထို့သို့တောင်းဆိုးခဲ့ ကြသော်လည်း
တအန်းစော်ဘွားကြီး ခွန်ပန်းစိန်သည် တအန်းအမျိုးသားများ၏ အခွင့်အရေးနှင့်
တအန်းအမျိုးသားပြည်နယ် ပေါ်ထွန်းရေးကို တောင်းဆိုရန်
မေ့လျော့နေခဲ့ဟန်တူသည်။
ဤတွင်
တောင်ပိုင်နယ် (တအန်းပြည်နယ် ) ကို ရှမ်းပြည်နယ်ထဲသို့ သွတ်သွင်းခြင်း
ခံရပြီးနောက် တအန်းပြည်နယ် ပျောက်ဆုံးခဲ့ရ၏။ မည်သို့ပင် ရှိစေကာမူ
နမ့်ဆန်တောင်ပိုင်နယ် တအန်းစော်ဘွားကြီး ခွန်ပန်းစိန်သည်
ရှမ်းပြည်နယ်သားများအတွက် ရှမ်းပြည်နယ်ပေါ်ထွန်းရေး ၊ ရှမ်းပြည်နယ်နေ့နှင့်
ရှမ်းပြည်နယ်အလံတို့ကို စော်ဘွားများကောင်စီဥက္ကဌ တစ်ဦးအနေဖြင့်
တာဝန်ကျေကျေ၊ ဦးဆောင်ဦးရွက်ပြု၍ ကမကထပြုဆောင်ရွက်ပေးခဲ့သည်။
စော်ဘွားကြီး ခွန်ပန်းစိန်၏ သဘောထား ကြီးမှုတစ်ခုမှာ နောင်ပေါ်ပေါက်လာမည့်
လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတအဖြစ်
ဆောင်ရွက်ပေးရန် ဗိုလ်ချုပ်အောင်ဆန်၏ ကမ်းလှမ်းချက်ကို လက်မခံဘဲ
စော်ဘွားကြီး စောရွှေသိုက်ကို ပေးရန်အကြံပြုခဲ့ခြင်းပင် ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ မဟာသရေစည်သူ ဦးဖေခင်က သူ၏ “ကိုယ်တွေ့ပင်လုံ” စာအုပ်၊
စာမျက်နှာ ၆၂ နှင့် ၆၄တို့၌ ရေးသားခဲ့သည်များကို ဖော်ပြရမည်ဆိုသော်
“ထို့နေ့ တစ်နေ့တာ အစည်းအဝေး ပြီးသွားသောအခါ ဗိုလ်ချုပ်က “ပထမဆုံး
သမ္မတအဖြစ် ရှမ်းအမျိုးသားတစ်ဦးကို ပေးလျှင် မကောင်းဘူးလား ၊ ခင်းဗျား
ဘယ်လိုသဘောရသလဲ” ဟု ကျွန်းတော့်အားမေးပါသည်။ ဤသို့မေးခြင်းမှာ
လူမျိုးအနေနဲ့ကောင်းမကောင်း ပေးခြင်းမဟုတ်ဘဲ ရှမ်းအမျိုးသားထဲမှ မည်သူကို
ပေးလျှင် ကောင်းမလဲ ၊ သင့်တော်မလဲဆိုသည်ကို မေးခြင်းသာ ဖြစ်မည်ဟု ယူဆ၍
တောင်ပိုင်စော်ဘွားကြီးကို ရွေးလျှင် ကောင်းမည်ထင်သည်ဟု
အကြုံပြုလိုက်ပါသည်။
တောင်ပိုင်စော်ဘွားကြီးအား ကျွန်တော်အဆိုပြုလိုက်ရခြင်းမှာ
အကြောင်းရှိပါသည်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက
ရှမ်းပြည်နယ်ကျောင်းသားအသင်းတွင် ကျွန်တော်သည် ပထမဦးဆုံး အတွင်းရေးမှူး
ဖြစ်လာသည်။ ဥက္ကဌမှာ ညောင်ရွေမှ စောကျော်အံ့ ဖြစ်ပါသည်။
ထိုအခါတွင်မှ အသင်း၏ဖွဲ့စည်းပုံကို ကျွန်တော်တို့ ရေးဆွဲကြပါသည်။
ယင်းသို့ရေးဆွဲပြီးသောအခါ အသင်းအောင်မြင်စွာ
တည်ထောင်ခဲ့ပြီးဖြစ်သည့်အကြောင်း၊ ရန်ပုံငွေများ ထည့်ဝင်ပါမည့်အကြောင်း
အသင်းစည်းမျဉ်းပါ ပူးတွဲလျက် ရှမ်းစော်ကြီးများထံ မေတ္တာရပ်ခံစားများ
ကျွန်တော် ရေးသားပေးပို့ခဲ့ပါသည်။
အခြားမည်သည့်
စော်ဘွားများထံကမျှ ပြန်စာတစ်စောင်တလေမှ မရခဲ့သော်လည်း
တောင်ပိုင်စော်ဘွားက ကျွန်တော်တို့အသင်းအတွက် ငွေ ၅၀၀/ကို ကြေးနန်းဖြင့်
ရက်ရောစွာ လှူဒါန်းခဲ့ပါသည်။ ဤသည်မှာ ကျွန်တော်တို့အဖို့ သူအား မေ့ပျောက်၍
မရနိုင်လောက်သည့် အထင်ကြီးစရာ အကြောင်းတစ်ရပ် ဖြစ်လာပါသည်။ ဤသို့ဖြင့်
၎င်းအား ခေါင်းထဲတွင် စွဲထင်လျက် ရှိနေပေရာ ဗိုလ်ချုပ်က မေးသောအခါ
၎င်းအမည်ကို ချက်ချင်းပင် အကြုံပြုလိုက်ခြင်း ဖြစ်ပါသည်။
ထို့အပြင် ၎င်းသည် လူအများ လေးစားသည့် ဥပဓိရုပ်ရှိပြီး
စော်ဘွားများအကြားတွင် တင့်တယ်ခံညားသူ ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းက
သူ့ကို နည်းနည်းပါးပါး တီးခေါက်ကြည့်ရန် ပြောရာတွင် ကျွန်တော်က
ထမင်းဖိတ်ကျွေးလျှင် မကောင်းဘူးလာဟု အကြံပြုသည်ကို ဗိုလ်ချုပ်က
လွယ်လွယ်ကူကူ သဘောတူလိုက်သည်။
ကျွန်တော်သည် တောင်ပိုင်းစော်ဘွားကြီးထံ သွားရာ ၎င်းအား ကံအာလျှော်စွာ
တစ်ဦးတည်းရှိနေသည်ကို တွေ့ရသဖြင့် ကျွန်တော်လာရောက်ခြင်းနှင့် ပတ်သက်ပြီး
ပွင့်လင်းရင်းနှီးစွာ ပြောပြနိုင်ခဲ့ပါသည်။ စော်ဘွားကြီးက “မလုပ်ပါရစေနှင့်
ကိုဖေခင်ရာ ၊ သမ္မတအိမ်တော်ထဲမှာ ကျွန်တော်ထောင်ကျနေတာနှင့်
တူနေပါဦးမယ်”ဟု ရယ်ကာမောကာဖြင့် ချက်ချင်းတုံ့ပြန်လိုက်ပါသည်။ ထို့နောက်
စော်ဘွားကြီးက ဆက်လက်၍ သူ့ထက်ဝါရင့်သည့် စော်ဘွားကြီးတွေ ရှိသေးကြောင်း
ပြောပါသည်။ ဗိုလ်ချုပ်က ရှမ်းအမျိုးသားတစ်ဦးကို ပထမဆုံးသမ္မတအဖြစ်
ရွေးချယ်ခန့်အပ်လိုပါက စော်ဘွားများအချင်းချင်း ညှိနှိုင်ပြီး
သင့်တော်သူတစ်ဦးကို အများသဘောတူ ရွေးချယ်ပေးသည်က ပိုမိုအဆင်ပြေးမည်ဟု
ယူဆကြောင်း ပြန်လည်အကြံပြုပါသည်။
ဦးဖေခင်၏ ယခုရေးသားချက်ကို ကြည့်ပါက တောင်ပိုင်စော်ဘွားကြီး၏ သဘောထားကြီးပုံကို ရှင်းရှင်းလင်းလင်း တွေ့နိုင်သည်။
စော်ဘွားကြီးခွန်ပန်းစိန်သည်ကောဇာသက္ကရာဇ် ၁၂၈၉ ခုနှစ်မှ ၁၃၂၁ ခုနှစ်အထိ
စော်ဘွားအရိုက်အရာကို ရယူခဲ့ပြီး ဗိုလ်နေဝင်၏ အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉
ခုနှစ်မတ်လ(၂)နေ့တွင် စော်ဘွားအာဏာကို လျော်ကြေးငွေဖြင့်
စွန့်လွှတ်လိုက်သည်။ စော်ဘွားများထဲတွင် လျော်ကြေးငွေ
အများဆုံးရရှိထားသူဖြစ်ပါသည်။
စဝ်ခွန်ပန်းစိန်သည် အသက်တော် (၈၁) နှစ် ရောက်ရှိနေချိန်တွင်
လူကြီးရောဂါဖြင့် ၁၃၃၇ (၁၉၇၅) ခုနှစ်၊ ဝါခေါင်းလဆန်း (၁၂)ရက်နေ့၊ နံနက်
(၁၀) နာရီ၊ (၂၀)မိနစ်အချိန်တွင် ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်၌
ကွယ်လွန်အနိစ္စရောက်ရှိသည်။ စော်ဘွားကြီးခွန်ပန်းစိန် ကွယ်လွန်ချိန်တွင်
နိုင်ငံခြားသား အနောက်တိုင်းသူ အမျိုးသမီးတစ်ဦးအပါအဝင် မိဖုရား (၆)
ဦးနှင့် သားသမီး (၂၃)ယောက် ကျန်ရစ်ခဲ့ကြောင်း သိရသည်။
စော်ဘွားကြီး၏ဟော်နန်းတော်ကို အိမ်ရှေ့စံသားတော်ကျမိုင်း (ကျမိန်း)
စဝ်ခွန်အောင်နှင့် အိမ်ရှေ့စံကတော် နန်းသိန်းခင်တို့က နမ့်ဆန်ဆေးရုံးအဖြစ်
၁၉၇၃ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့တွင် လှူးဒါန်းပေးခဲ့သည်။ ယခုအခါ
တောင်ပိုင်စော်ဘွားကြီး၏ ဟော်နန်းတော်ကို
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဒေသဦးစီးကော်မတီရုံးအဖြစ်
ပြန်လည်းအသုံပြုထားကြောင်း သိရသည်။
ဤနမ့်ဆန်တောင်ပိုင်စော်ဘွားကြီး၏ ဟော်နန်းတော်အဆောက်အဦးကို
ဆောက်လုပ်နေချိန်တွင် တအန်း လူထူထံမှ ကောက်ခံရရှိသော အခွန်တော်ငွေဖြင့်
ဆောက်လုပ်ထားသည့်အပြင် ထိုဟော်နန်းတော်ဟောင်းသည် နောက်ဆုံကျန်ရစ်သော
တအန်းစော်ဘွားမျိုးဆက်၏ ဟော်နန်းတော်ဖြစ်၍ တအန်းလူမျိုးတို့၏သမိုင်း
နောက်ဆုံအမွေအနှစ် ဖြစ်ပါသောကြောင့် “ တအန်းအမျိုးသားသမိုင်း ပြတိုက်”
အဖြစ်ထားသင့်သည်။
ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်းလေ့လာစုစည်းနေသူ
MMSL Tsa Lum
17/5/2026


0 Comments