About Me

header ads

ထိုင်းတနိုင်ငံလုံးကို တုန်လှုပ်သွားစေတဲ့


 

🚨 "ထိုင်းတနိုင်ငံလုံးကို တုန်လှုပ်သွားစေတဲ့ ရုပ်ရှင်ကားတွေထဲကလို ဖြစ်ရပ်... တရုတ်နိုင်ငံသားရဲ့ လျှို့ဝှက်လက်နက်တိုက်နဲ့ အသေခံဗုံးခွဲမယ့် အကြံအစည်"💣

မေလ (၈) ရက်နေ့ ညနေ ၆ နာရီလောက်က နာချွန်သီယမ် (Na Chom Thian) ဒေသမှာ ကားတစ်စီး မှောက်ပါတယ်။

အဲဒီကားပေါ်မှာ အသက် ၃၁ နှစ်အရွယ် တရုတ်နိုင်ငံသား 'ဆွန် (Mr. Sun)' နဲ့ အသက် ၃၃ နှစ်အရွယ် ထိုင်ဝမ်အမျိုးသမီးတို့ ပါလာပါတယ်။

ရဲတွေက ကားကို စစ်ဆေးလိုက်တဲ့အခါ စစ်သုံးလက်နက်တချို့ကို အံ့သြဖွယ် တွေ့ရှိခဲ့ရရာကနေ ဒီဇာတ်လမ်း စတင်ပါတော့တယ်။

🏠
ရဲတပ်ဖွဲ့က ချွန်ဘူရီလဝက၊ ဒေသခံရဲတွေနဲ့ ပူးပေါင်းပြီး အဲဒီတရုတ်အမျိုးသား နေထိုင်ရာ ဟွေရိုင် (Huai Yai) က အိမ်ကို အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အိမ်ထဲကို ရောက်တဲ့အခါ ရဲတွေပါ မှင်သက်သွားခဲ့ရပါတယ်။

လက်နက်တိုက်ထဲ ရောက်သလို ခံစားရစေလို့ပါတဲ့။

အိမ်ထဲမှာ M4 မောင်းပြန်ရိုင်ဖယ်၊ အဖျက်စွမ်းအားပြင်း C4 ဖောက်ခွဲရေးပစ္စည်း (၄) တုံး၊ K-75 နဲ့ M4 လက်ပစ်ဗုံးတွေ၊ ထိုင်းစစ်တပ်ထုတ် 5.56 mm ကျည်ဆန်တွေ၊ အဝေးထိန်း ဗုံးခွဲစက် (Remote Detonator) နဲ့ အခြား စစ်သုံးပစ္စည်းတွေကို အမြောက်အမြား သိမ်းဆည်းရမိခဲ့လို့ပါပဲ။

😱
EOD (ဗုံးရှင်းလင်းရေးအဖွဲ့) ကို အမြန်ခေါ်ပြီး ရပ်ကွက်ထဲက လူတွေကိုပါ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတဲ့ အဓိကအကြောင်းရင်းက-

ပထမတခုက အသေခံဗုံးခွဲအင်္ကျီ: C4 ဗုံးတွေကို အသင့်တပ်ဆင်ထားတဲ့ "အသေခံဗုံးခွဲ အင်္ကျီ (Suicide Bomb Vest)" ကို ရှာတွေ့ခဲ့လို့ပါ။

ဒုတိယတခုက ထောင်ချောက်ဗုံး: ရုပ်ရှင်တွေထဲကလိုပဲ အိမ်ထဲမှာ ကြိုးတိုက်မိတာနဲ့ ချက်ချင်းပေါက်ကွဲမယ့် "ထောင်ချောက်ဗုံး (Booby Trap)" ကိုပါ တပ်ဆင်ထားတာကို တွေ့လိုက်ရလို့ပါပဲ။

📱
'ဆွန်' ကတော့ သူဟာ စိတ်ကျရောဂါခံစားနေရလို့ အသေခံဗုံးခွဲပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဝယ်ထားတာပါလို့ ရဲတွေကို ဆင်ခြေပေးခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ဖုန်းကို စစ်ဆေးလိုက်တဲ့အခါ.ကြောက်ခမှန်းလိလိ အထောက်အထားတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

• ChatGPT အသုံးပြုပြီး အရေးကြီးတဲ့ နေရာတွေကို ဖောက်ခွဲဖျက်ဆီးဖို့ (Sabotage) နည်းလမ်းတွေနဲ့ C4 ဗုံးရဲ့ အဖျက်စွမ်းအားတွေကို ရှာဖွေမေးမြန်းထားတာ၊

• ကမ္ဘောဒီးယားနိုင်ငံက အထူးတပ်ဖွဲ့စခန်း (BHQ) မှာ စစ်သားတွေနဲ့အတူ 6သနတ်ပစ်၊ ဗုံးပစ် သင်တန်းတက်နေတဲ့ ဗီဒီယိုတွေကို အထောက်အထား ခိုင်ခိုင်လုံလုံ တွေ့ရှိခဲ့ရပါတယ်။

(လက်နက်တွေကိုတော့ ရယောင်းခရိုင်က လျှို့ဝှက် Line ဂရုတစ်ခုကနေ ဝယ်ခဲ့တာလို့ ဆိုပါတယ်)။

လက်ရှိမှာတော့ ဒီအိမ်ကို ရဲတပ်ဖွဲ့က အထူးစောင့်ကြပ် ပိတ်ဆို့ထားပြီး၊ ဒီလက်နက်တွေနဲ့ တကယ့်ကို ဘယ်နေရာကို ဖောက်ခွဲဖို့ ပစ်မှတ်ထားနေတာလဲ ဆိုတာကို အပူတပြင်း စုံစမ်းစစ်ဆေးနေပါတယ်။

ဒီသတင်းကိုကြည့်ရင် အကြမ်းဖက်သမားတွေဟာ သာမန်လူတွေလိုပဲ ကိုယ့်ပတ်ဝန်းကျင်မှာ အိမ်ငှားပြီး နေထိုင်နေနိုင်တယ်ဆိုတာ တွေ့ရမှာပါ။

#ChiangMaiDaily
#ချင်းမိုင်နေ့စဉ်
#ThailandNews

Link >>> [ CHIANG MAI DAILY   ]  

 

Post a Comment

0 Comments