ချင်းမိုင်ရဲ့ ညနေခင်း လေအေးအေးလေးမှာ လမ်းလျှောက်ထွက်လိုက်ရင် တရှဲရှဲနဲ့ အသားကင်နေတဲ့ အသံတွေ၊ မွှေးပျံ့နေတဲ့ အနံ့တွေနဲ့အတူ လူတွေစည်ကားနေတဲ့ မူကထဆိုင်တွေကို နေရာအနှံ့ တွေ့ကြရမှာပါပဲ။
တကယ်တော့ မူကထဆိုတာ ထိုင်းလူမျိုးတွေအတွက် သာမန်အစားအစာတစ်ခုတင် မဟုတ်ဘဲ လူမှုဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုတောင် ဖြစ်လို့နေပါပြီ။
ဘာကြောင့် လူတွေက ဒီလောက်တောင် ဝိုင်းအုံပြီး စားနေကြတာလဲလို့ ကြည့်လိုက်ရင် အဓိကကတော့ "အတူတကွရှိခြင်း" ဆိုတဲ့ ခံစားချက်ကြောင့်ပါပဲ။
ဟင်းပွဲတပွဲကို ကိုယ့်ရှေ့ချပြီး ကိုယ့်ဘာသာစားရတာထက်စာရင် အကင်ဖိုလေးတစ်ခုကို ဝိုင်းပြီး ကင်လိုက်၊ ချက်လိုက်၊ စကားပြောလိုက်နဲ့ စားရတာက ပိုပြီး ပျော်စရာကောင်းလို့ ဆိုပါတယ်။
ဒါကြောင့်လည်း မိသားစုတွေ၊ သူငယ်ချင်းတွေ ဒါမှမဟုတ် ဧည့်သည်တွေကို ဧည့်ခံဖို့ဆိုရင် မူကထဝိုင်းက အမြဲတမ်း နံပါတ် (၁) ရွေးချယ်မှု ဖြစ်နေရတာပါ။
ဈေးနှုန်းအပိုင်းမှာလည်း တစ်ယောက်ကို ၂၀၀ ဝန်းကျင်လောက်နဲ့ စိတ်ကြိုက်စားနိုင်တဲ့ Buffet စနစ်မို့လို့ ပိုက်ဆံရှင်းတဲ့အခါ ဘယ်သူက ပိုစားတယ်၊ ဘယ်သူက လျော့စားတယ်ဆိုပြီး အားနာစရာမလိုဘဲ အားလုံးအတွက် မျှတတဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။
ပြီးတော့ အသားကင်က ထွက်လာတဲ့ အချိုရည်တွေ စိမ့်ဝင်နေတဲ့ ဟင်းရည်ပူပူလေးကို နောက်ဆုံးအစာပိတ်မှာ သောက်လိုက်ရတာကလည်း မူကထရဲ့ မစွန့်လွှတ်နိုင်တဲ့ အရသာတစ်ခုပါပဲ။
ဒါပေမဲ့ တစ်ဖက်မှာလည်း ဝေဖန်သံလေးတွေ ရှိနေပြန်ပါတယ်။
တချို့ကလည်း ကိုယ့်ဘာသာချက်စားရတာ ပင်ပန်းတယ်လို့ မြင်ကြသလို၊ အသားတွေက လေဟာပြင်မှာ ဒီအတိုင်းချထားလို့ သန့်ရှင်းရေးအတွက် စိုးရိမ်တာမျိုးလည်း ရှိပါတယ်။
ဒါကြောင့် စားတဲ့အခါမှာ အသားစိမ်းကို ကိုင်တဲ့တူနဲ့ အသားကျက်ကို စားတဲ့တူ သီးသန့်ခွဲသုံးတာမျိုး၊ အသားတွေကို သေချာကျက်အောင် ကင်စားတာမျိုးကတော့ အကောင်းဆုံးပါပဲ။
ပြီးတော့ အသားကင်မှာ အဆီနဲ့ အငန်ဓာတ် များတတ်တာကြောင့် ကျန်းမာရေးအတွက် ချင့်ချိန်ပြီး စားဖို့လည်း လိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုင်းလူမျိုးများအတွက် မူကထ ကတော့ ဆက်ရှိနေဦးမှာပါ။
#MooKratha
#ThaiBBQ
#ChiangMaiFood
#မူကထ
#ချင်းမိုင်အစားအစာ
Link >>> [ CHIANG MAI DAILY ]


0 Comments