ဘယ်တော့မှ မလွှတ်မြောက်နိုင်တဲ့ ဝ
ဝ
တပ်ဖွဲ့ (UWSA) က မြန်မာနိုင်ငံရဲ့ အတောင့်တင်းဆုံးလက်နက်ကိုင်ပြီး
အခြားလက်နက်ကိုင်တွေထက် သီးခြားလွှတ်လပ်တဲ့ ဝ ပြည်ရှိထားပေမဲ့
တကယ်လက်တွေ့မှာတော့ ဝ ဟာ လွတ်လပ်ခြင်းနဲ့လွတ်မြောက်ခြင်းမခံစားရသေးပါဘူး။
သိပ်မကြာခင်တုန်းက
မြန်မာနိုင်ငံကနေ ဘယ်တော့မှ ခွဲထွက်မှာမဟုတ်ကြောင်း၊ ဝ ပြည်ရဲ့ ပညာရေးမှာ
ဝစာပေနဲ့ မြန်မာစာကို အဓိက သင်ကြားသွားမယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့
(UWSP/UWSA) နှစ်ချုပ်အစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်ခု
ဗဟိုကညွှန်ကြားခဲ့ပါတယ်။
ဒါဟာ
ရုပ်တိရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ဒီအချက်က UWSA ဝ ဟာ
တရုတ်ဩဇာလွှမ်းမိုးမှု၊ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့ဘူးဆိုတာ ပြသလိုက်တာ
ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဝ ဟာ
ရှီကျင့်ဖင်ခေါင်းဆောင် တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြုံလာရတာက
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ AA၊ MNDAA ၊ TNLA တို့ ဖော်ဆောင်တဲ့
၁၀၂၇ စစ်ဆင်ရေး မျက်စိတစ်မှိတ်အတွင်းမှာပဲ သိသိသာသာ မြင်တွေ့ကြရမှာပါ။
အဓိကကတော့ ပလောင် TNLA ဖော်ဆောင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး လှိုင်း ၂ မှာ
ဖြစ်ပါတယ်။
အော်ပရေးရှင်းကာ၂၀၂၄
ခုနှစ်အတွင်းမှာ တရုတ်က ဝ ဒေသတွင်းထဲမှာ နေထိုင်တဲ့ပြည်သူတွေကို
တစ်စက်ကလေးမှ မငှဲ့ညာဘဲ စားသောက်ကုန်၊ လူသုံးကုန် အပ်တစ်ချောင်းကစ
တင်ပို့ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဒါ့အပြင်
၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်းမှာ UWSA ကို ယုံကြည်မရဟုဆိုကာ
ပစ်ပယ်ပြီး ဟန်တရုတ် MNDAA ကို စပယ်ရှယ်ကျောထောက်နောက်ခံပေးပြီး ဝ ပြည်ကို
ခြိမ်းခြောက်တာတွေက UWSA ဝ ရဲ့ဖင်ကို ခွာဖိနပ်နဲ့ စောင့်ကန်လိုက်သလိုကို
ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အတောအတွင်းမှာ UWSA ရဲ့ လက်နက်စက်ရုံပေါက်ကွဲတာက ဝအပေါ် တရုတ်ဘာလုပ်နိုင်လဲဆိုတာ ပညာနဲနဲပြတာပဲလို့ ဆိုရမှာပါ။
တကယ်တော့
တရုတ်က ဆယ်စုနှစ်ကာလတစ်ခုကြာတဲ့အထိ ဝ ပြည်ထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့
ရေထုတွေညစ်ညမ်းစေတဲ့ သတ္ထုတွေတူးဖော်မှု၊ မြေရှားတွေတူးဖော်မှုတွေကို
ဆက်တိုက်လုပ်လာခဲ့ပါတယ်။ တရုတ်လုပ်ရပ်တွေအကုန်လုံး ဆိုးတာတွေ ကောင်းတာတွေ
ဝေဖန်မှုတွေအကုန်လုံး UWSA က အဓိက ခံစားရပါတယ်။
ဒါတွေက
သာမာန်ပေးဆပ်မှုတစ်ခုမဟုတ်ပါဘူး။ ဂုဏ်သိက္ခာ၊ အသက်၊ မြေ၊ သွေး၊
ချွေးတွေအများအပြားပေးဆပ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဝ စာပေယဉ်ကျေးမှု
ရိုးရာဆိုတာ မရှိသလောက်ဖြစ်လာပြီး တရုတ်ဝါးမျိုခြင်းကို တဖြည်းဖြည်း
ခံစားလာရပြီဖြစ်ပါတယ်။
ဒီအခြေအနေကနေ
လွှတ်မြောက်ဖို့ ဝ ဘယ်လိုရုန်းထွက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါပြီ။
မြန်မာစစ်တပ်နဲ့ လက်တွဲဖို့တော့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဝ
ကို တရုတ်ပိုမှီခိုရအောင် မြန်မာစစ်တပ်အာဏာကှင်တွေသာဖြစ်နေလို့ပါပဲ။


0 Comments