အိန္ဒိယက ဘာကြောင့် ဓနသဟာယအဖွဲ့ထဲမှာနေဖို့ ဆုံးဖြတ်ခဲ့တာလဲ...
အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှတို့ဆီကနေ လွတ်လပ်ရေးရခဲ့ပေမယ့် ဓနသဟာယအဖွဲ့ (Commonwealth of Nations) ထဲမှာ ဆက်နေဖို့
ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလိုဆုံးဖြတ်ခဲ့တာကလည်း အဲဒီတုန်းက အိန္ဒိယခေါင်းဆောင်ကြီးတွေရဲ့
အမြော်အမြင်ရှိတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဗျူဟာတွေကြောင့် ဖြစ်ပါတယ်။
အိန္ဒိယခေါင်းဆောင်ကြီးတွေ စဥ်းစားခဲ့တဲ့ ပထမဆုံးအချက်က
လွတ်လပ်ရေးရကာစ အိန္ဒိယနိုင်ငံကို နိုင်ငံတကာမျက်နှာစာမှာ
အထီးမကျန်စေဖို့ပဲ
ဖြစ်ပါတယ်။ ဥပမာ - ဓနသာဟယအဖွဲ့ထဲမှာ ပါဝင်ခြင်းအားဖြင့် အိန္ဒိယဟာ
တခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ပြီး
နိုင်ငံတကာရေးရာတွေမှာ အသံထွက်နိုင်မယ့် လမ်းကြောင်းတစ်ခုကို ရရှိစေပါတယ်။
ဒုတိယအချက်ကတော့ ဓနသာဟာယအဖွဲ့ထဲမှာ ပါဝင်ခြင်းအားဖြင့်
နိုင်ငံအတွက်
ရရှိလာမယ့် စီးပွားရေးနဲ့ ကုန်သွယ်ရေးအကျိုးအမြတ်ပဲ ဖြစ်ပါတယ်။
လွတ်လပ်ရေးရခါစ အိန္ဒိယရဲ့ ကုန်သွယ်ရေးဟာ ဗြိတိန်နဲ့ အခြားသော
ဓနသဟာယအဖွဲ့ဝင်နိုင်ငံတွေအပေါ်မှာ အများကြီးမှီခိုနေခဲ့ရတာပါ။
ဒါကြောင့်
ဓနသဟာယအဖွဲ့ထဲမှာ ရှိနေခြင်းက ဗြိတိသျှ စတာလင်ပေါင် ငွေကြေးနယ်ပယ်ထဲမှာ
ပါဝင်ခွင့်ရပြီး ငွေကြေးတန်ဖိုးတည်ငြိမ်မှုကို ရယူနိုင်သလို
ကုန်သွယ်ရေးမှာလည်း အခွန်သက်သာခွင့် စတဲ့ အထူးအခွင့်အရေးတွေကို
ရရှိစေပါတယ်။ ဒါတွေက ထူထောင်ကာစ နိုင်ငံတော်ရဲ့ စီးပွားရေးအရှိန်ကို
မြှင့်တင်ဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်...။
တတိယအချက်က နိုင်ငံလုံခြုံရေးနဲ့ စစ်ရေးလိုအပ်ချက်ပါ။
အိန္ဒိယ
တပ်မတော်ဟာ ဗြိတိသျှတပ်မတော်စနစ်နဲ့ လေ့ကျင့်ထားတာဖြစ်ပြီး အဲဒီတုန်းက
အိန္ဒိယတပ်မတော်ရဲ့ လက်နက်ခဲယမ်းတွေကလည်း ဗြိတိသျှထုတ်တွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဓနသဟာယအဖွဲ့ထဲမှာ အိန္ဒိယ ဆက်ရှိနေခြင်းက ဗြိတိသျှနဲ့
စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်သလို နည်းပညာအထောက်အပံ့တွေကိုလည်း
ဆက်လက်ရရှိဖို့ အခွင့်အလမ်းတွေ ရရှိစေပါတယ်။
စတုထ္ထအချက်က အိန္ဒိယဝန်ကြီးချုပ် နေရူး ရဲ့
နိုင်ငံရဲ့ ရှေ့ရေးကို မျှော်တွေးနိုင်မှုကြောင့်လို့ ပြောရမှာပါ။
သူက
ဓနသဟာယအဖွဲ့ဟာ "အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု"တစ်ခုသာ ဖြစ်ပြီး
အတိတ်က နာကျည်းချက်တွေထက် အနာဂတ်အကျိုးစီးပွားကို ကြည့်ဖို့ လိုတယ်လို့
ယူဆခဲ့ပါတယ်။
ပြီးတော့ ဒီအဖွဲ့ထဲမှာရှိနေခြင်းက အနောက်အုပ်စု နဲ့ အရှေ့အုပ်စုကြားမှာ
ဘက်မလိုက်ဘဲ မျှခြေညှိဖို့အတွက် အကောင်းဆုံး အသုံးချနိုင်တယ်ဆိုတာကိုလည်း
မြင်နိုင်ခဲ့ပါတယ်။
အချုပ်ပြောရရင်တော့.... အိန္ဒိယဟာ စိတ်ခံစားချက်ထက်
လက်တွေ့ကျတဲ့ နိုင်ငံရေးကို ဦးစားပေးပြီး.... မိမိနိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဓနသာဟယအဖွဲ့ထဲမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ....။
#အိန္ဒိယ #ဓနသဟာယအဖွဲ့ #နေရူး
Link>>>https://www.facebook.com/photo/?fbid=909141438852102&set=a.102266106206310


0 Comments