About Me

header ads

ထိုင်းနိုင်ငံရဲ့ "လယ်ထွန်မင်္ဂလာပွဲတော်"


 

 🌾 မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှုချင်း ဆင်တူတဲ့ ထိုင်းနိုင်ငံရဲ့ "လယ်ထွန်မင်္ဂလာပွဲတော်"

ထိုင်းနိုင်ငံမှာ စပါးစိုက်ပျိုးရာသီအစကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ကျင်းပလေ့ရှိပြီး နှစ်ပေါင်း ၇၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ လယ်ထွန်မင်္ဂလာပွဲတော် (Royal Ploughing Ceremony) ဟာ အခုဆိုရင် ပွဲတော်ရက်က နီးလာပြန်ပါပြီ။

မေလ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ဒီအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဘန်ကောက်မြို့ရှိ Sanam Luang ကွင်းပြင်မှာ ဒုတိယအကြိမ်မြောက် ဇာတ်တိုက်လေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့ပါတယ်။

🐄 ဒီပွဲတော်မှာ စိတ်ဝင်စားစရာအကောင်းဆုံး အပိုင်းကတော့ "နွားလားဥဿဘ" တွေနဲ့ အနာဂတ်ဟောကိန်း ထုတ်တာပါ။ နွားလားဥဿဘတွေကို အစားအစာ (၇) မျိုးဖြစ်တဲ့ စပါး၊ ပြောင်းဖူး၊ မြက်၊ နှမ်း၊ ပဲ၊ ရေ နဲ့ အရက် တို့ကို ကျွေးမွေးတာပဲ ဖြစ်ပါတယ်။

နွားတွေက ဘယ်အရာကို အရင်ဆုံး ရွေးချယ်စားသောက်သလဲ ဆိုတာပေါ် မူတည်ပြီး အဲ့နှစ်အတွက် မိုးလေဝသ အခြေအနေ၊ သီးနှံအထွက်နှုန်းနဲ့ စီးပွားရေး အလားအလာတွေကို ခန့်မှန်းတွက်ချက်ကြတာပါ။

💧 အခြားထူးခြားတဲ့ အစီအစဉ်တစ်ခုကတော့ "လယ်ထွန်မယ့်လယ်အရှင်" (Lord of the Plough) က အလျားမတူညီတဲ့ ပုဆိုး (၃) ထည်ထဲက တစ်ထည်ကို ရွေးချယ်ရတာပါ။

ရွေးချယ်လိုက်တဲ့ ပုဆိုးအနံပေါ်မူတည်ပြီး လာမယ့်စိုက်ပျိုးရာသီမှာ မိုးဘယ်လောက်ရွာမလဲ မိုးရေချိန်ကို နိမိတ်ဖတ်ကြပါတယ်။

✨အခမ်းအနားအပြီးမှာတော့ လယ်ကွင်းထဲမှာ ပက်ကြဲခဲ့တဲ့ "မင်္ဂလာစပါးစေ့" တွေကို ရယူဖို့အတွက် ပြည်သူတွေ လာရောက်တတ်ကြပါတယ်။

ဒီစပါးစေ့တွေကို ကိုယ့်လယ်ကွင်းထဲမှာ ပြန်စိုက်ရင် ဒါမှမဟုတ် အိမ်မှာဆောင်ထားရင် ကံကောင်းခြင်းနဲ့ စီးပွားလာဘ်လာဘတွေ တိုးပွားစေတယ်လို့ ထိုင်းလူမျိုးတွေက ယုံကြည်ကြပါတယ်။

ထိုင်းနိုင်ငံမှာတော့ အဲ့ဒီနေ့ကို အစိုးရရုံးပိတ်ရက် အဖြစ် သတ်မှတ်ထားပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ ထိုင်းတို့ရဲ့ နက်ရှိုင်းလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ဖော်ပြနေတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

အဲဒါဆိုရင် မြန်မာလယ်ထွန်မင်္ဂလာနဲ့ ဘာတွေကွာလဲဆိုရင် ... ရှေးမြန်မာ ဘုရင်၊ မင်းညီမင်းသားတွေက က ပြည်သူတွေကို မိုးရာသီစတော့မယ် စိုက်ပျိုးဖို့အတွက် ဦးဆောင်လမ်းပြ လုပ်ပြီး တိုက်တွန်းပေးတာပါ။ တကယ်ကို လက်တွေ့ဆန် ပါတယ်။

ထိုင်းနိုင်ငံမှာက နွားစာနှင့် ပုဆိုးအနံကိုကြည့်ပြီး မိုးလေဝသနဲ့ စီးပွားရေးကို နိမိတ်ဖတ် ရှေးဖြစ်ဟောတာပါ။

နောက်တခုက မြန်မာမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတာပါ။ ထိုင်းနိုင်ငံမှာ နိုင်ငံတော်အဆင့် ပွဲတော်တရပ်ကျင်းပပေးပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

#ChiangmaiDaily
#ထိုင်းရိုးရာ
#လယ်ထွန်ပွဲ
#ချင်းမိုင်နေ့စဉ်
#ThailandNews

Link >>> [ CHIANG MAI DAILY  ] 

Post a Comment

0 Comments