"ဝ" လုံးကြီးတင် မပါတဲ့ညရဲ့...
မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်သားရဲ့ တစ်လစာ မုန့်ဖိုး ၅ သောင်းသာရပြီး ပြည်သူတစ်ယောက်ရဲ့ မီးသွေးဖုတ်ခက Tရုတ်ကြောင့် မရေရာ။
စစ်သားတွေရှေ့တန်းမှာ
အသက်ကိုလောင်းကြေးထပ်ကာ တိုက်ပွဲဝင်နေပြီး ပြည်သူတွေ
မိသားစုရဲ့ဝမ်းစာမပြတ်ရေးအတွက် သေလောက်အောင် ရုန်းကန်ေနကြတယ်။
ရှေ့တန်းမှာ
တပ်သားက ဆာလောင်မှုကို မူးယစ်နဲ့ အံတုနေရပြီး အလုပ်အကိုင်တွေ
ကြမ်းတမ်းလာတဲ့ ပြည်သူက မူးယစ်ဆေးဝါးနဲ့မှ လုပ်အားပိုရှိမှာတဲ့။
ခေတ်က
အသက်ထက် လက်နက် ဈေးပိုကြီးလေတော့ ရှိသမျှ သဘာဝသယံဇာတတွေနဲ့ Tရုတ်ကို
ဆက်သနေရတယ်။ ဆန်ဈေးတွေလည်း နောက်ဆုတ်ဂီယာမပါတော့ တောင်ပေါ်သားများက
တောင်ယာဆန် ပိုအားထားပြီး တောင်တန်းတွေ ကတုံးဖြစ်လာတယ်။
စစ်သားတွေကော
စစ်မသားတဲ့သူတွေကော လူသားအားလုံးဟာ လူသားပါပဲ။ လူ့သဘာဝ ဆာလောင်လာကြပြီ။
ပြဿနာတွေကို မီးမောင်းထိုးလိုက်ရှာနေကြပြီ။ ငွေထက်အရေးကြီးတာမရှိကြောင်း
သက်သေပြချင်လာကြတယ်။
ဒီလိုနဲ့
နောက်ဆက်တွဲပြဿနာပေါင်း သိန်းခြောက်ထောင်က တော်လှန်ရေးအစိုးရ TNLA
ခေါင်းပေါ်ရောက်လာတယ်။ သေချာတယ် တအာင်းခေါင်းဆောင်တွေ ခေါင်းခဲမှာ။
ငါတို့
တွေကို ဘယ်သူမှမတားလည်း သတိကြီးကြီးထားရမယ်။ ငါတို့ လူငယ်တွေရဲ့ အနာဂါတ်က
ဟိုင်းခန်းထဲက ရွှေတို့ K တို့မဟုတ်ဘူးဆိုတာ ဟိုင်းခန်းထဲရောက်ရင်
မှတ်မိဖို့ခက်တယ်။
ခြေကျွံရင်
နှုတ်လို့ရတယ်။ စကားကျွံရင်နှုတ်မရဘူးတဲ့။ လက်မခံဘူး။
ခြေကျွံလည်းနှုတ်ရခက်ပါတယ်။ ဒါပေမယ့် မူးယစ်နွံထဲ ခြေမကျွံအောင် ဘုရားဆူး
ကျိန်မပြောရဲသေးဘူး။
"အမှန်ပဲ ငါတို့ဘဝက ကြပ်တည်းလိုက်တာ"
ကြပ်တည်းတယ်ဆိုတာကို လူတိုင်းပြောတတ်တယ်။ အလုံခန်းထဲ ၁ ပတ်လုံးလုံးကဲပြဲတဲ့လူတွေလည်း ကြပ်တည်းတာပဲတဲ့။ မယုံမရှိနဲ့။
လေးစားရတဲ့
ဆရာတစ်ယောက်ပြောဖူးတယ်။ "ဘယ်သူမှ ငါတို့အခက်အခဲကို မသိချင်ကြဘူး။
ရလဒ်ကိုသာ သိချင်ကြတယ်" ဆိုတဲ့ စကားဟာ တစ်နေ့ရောက်လာရင်
သွေးထွက်အောင်ကိုမှန်လိမ့်တယ်။


0 Comments