About Me

header ads

ရှမ်းပြည်နယ်များ ဖယ်ဒရေးရှင်


  

ကိုလိုနီခေတ် "ရှမ်းပြည်နယ်များ ဖယ်ဒရေးရှင်း" ဟာ
မြန်မာ့သမိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့
အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်...။

ဗြိတိသျှတွေဟာ ရှမ်းစော်ဘွားနယ်တွေကို အုပ်ချုပ်ရာမှာ
ဗမာပြည်မလို တိုက်ရိုက်မအုပ်ချုပ်ဘဲ
သီးခြားပုံစံအနေနဲ့ အုပ်ချုပ်ဖို့ စီစဥ်ခဲ့ကြပါတယ်...။

ဥပမာ - ဗြိတိသျှတွေဟာ ၁၈၈၅ ခုနှစ်မှာ ဗမာဘုရင် သီပေါမင်းကို နန်းချပြီး ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းခဲ့ပေမယ့်....ရှမ်းကုန်းပြင်မြင့်ထက်က
စော်ဘွားတွေကိုတော့ စစ်အင်အားသုံးပြီး လုံးဝချေမှုန်းပစ်တဲ့
နည်းလမ်းမျိုးကို မသုံးခဲ့ကြပါဘူး။

ဘာကြောင့်လဲဆိုတော့ စစ်ရေးနည်းကိုသုံးမယ်ဆိုရင်
စစ်ပွဲအတွက် စစ်စရိတ် အကုန်အကျများနိုင်သလို
ရေရှည်မှာ အုပ်ချုပ်ဖို့ ခက်ခဲမှာကို သိတာကြောင့်
"သံတမန်ရေးနည်းလမ်း၊ စစ်ရေးခြိမ်းခြောက်မှု နဲ့
အခွင့်အရေးပေး စနစ်" တို့ကို ပေါင်းစပ်ပြီး သစ္စာခံလာအောင်
စော်ဘွားတွေကို စည်းရုံးသိမ်းသွင်းခဲ့ပါတယ်...။

ဥပမာအနေနဲ့ ပြောရရင် ၁၈၈၇ ခုနှစ်မှာ
ဗြိတိသျှအစိုးရက ရှမ်းစော်ဘွားတွေကို Sanad အမိန့်ပြန်တမ်းနဲ့
၎င်းတို့ရဲ့ နယ်မြေအသီးသီးကို ဆက်လက်အုပ်ချုပ်ခွင့်ပေးခဲ့ပြီး
ဗြိတိသျှဘုရင်ခံကို သစ္စာခံစေခဲ့ပါတယ်...။

အဲဒီနောက် ၁၉၂၂ ခုနှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့မှာ
ဗြိတိသျှ ဘုရင်ခံ ဆာ ရက်ဂျီနယ် ကရက်ဒေါက် ကနေပြီး
ရှမ်းစော်ဘွားနယ်တွေကို စုစည်းပြီးတော့
"ရှမ်းပြည်နယ်များ ဖယ်ဒရေးရှင်း" အဖြစ်
တရားဝင် ဖွဲ့စည်းပေးခဲ့ပါတယ်။

ရှမ်းပြည်နယ်များ ဖယ်ဒရေးရှင်းဟာ
ဗမာပြည်မက ဝန်ကြီးများရုံးရဲ့ ဥပဒေပြုမှု အာဏာအောက်မှာ မရှိဘဲ
ဗြိတိသျှဘုရင်ခံရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာပဲ လည်ပတ်တာပါ။

ဥပမာ - အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့
ဗြိတိသျှအစိုးရကို ကိုယ်စားပြုတဲ့ မဟာမင်းကြီးတစ်ဦးက
တောင်ကြီးမြို့မှာ ရုံးစိုက်ပြီးတော့ ဖယ်ဒရေးရှင်းတစ်ခုလုံးကို
ကြီးကြပ်ပါတယ်။

မဟာမင်းကြီးရဲ့ လက်အောက်မှာ
မြောက်ပိုင်းရှမ်းပြည်နယ် နဲ့ တောင်ပိုင်းရှမ်းပြည်နယ် ဆိုင်ရာ
နိုင်ငံရေး အရာရှိ (Political Officers) တွေကိုလည်း
ခန့်ထားပါသေးတယ်။

နောက်ပြီး စော်ဘွားတွေနဲ့ ဖွဲ့စည်းထားတဲ့
"စော်ဘွားများ ကောင်စီ" တစ်ခုရှိပြီး...အဆိုပါ ကောင်စီမှာ
နယ်မြေဒေသဆိုင်ရာ ကိစ္စရပ်တွေ ၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေတွေ နဲ့
ဖယ်ဒရေးရှင်းရဲ့ ဘတ်ဂျက်ကိစ္စရပ်တွေကို ဆွေးနွေးတိုင်ပင်ကြပါတယ်...။

စော်ဘွားတွေရဲ့ လုပ်ပိုင်ခွင့် အာဏာကို ကြည့်မယ်ဆိုရင်လည်း
၄င်းတို့ရဲ့ သက်ဆိုင်ရာ နယ်မြေအတွင်းမှာ အခွန်ကောက်ခံခွင့် ၊
တရားစီရင်ခွင့်နဲ့ ပြည်တွင်းလုံခြုံရေးထိန်းသိမ်းခွင့်စတဲ့
အုပ်ချုပ်ရေး အာဏာတွေကို ကျင့်သုံးခွင့် ရရှိကြပါတယ်...။

နောက်တစ်ခုကတော့ ဘဏ္ဍာရေးစနစ်ပဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်များ ဖယ်ဒရေးရှင်း မှာ သီးခြား "ဘဏ္ဍာငွေ" ဆိုပြီးတော့
ရှိပါတယ်။

အဆိုပါ ဘဏ္ဍာငွေတွေက စော်ဘွားနယ်အသီးသီးကနေ
ကောက်ခံရရှိလာတဲ့ အခွန်ဘဏ္ဍာတွေ ၊ သစ်တောခွန်တွေနဲ့
ဘော်တွင်း (နမ္မတူ) လို သတ္တုတွင်း လုပ်ငန်းခွန်တွေကနေ
ရရှိလာတာပဲ ဖြစ်ပါတယ်..။

ဒီရန်ပုံငွေတွေကို ရှမ်းပြည်နယ်အတွင်း
လမ်းပန်းဆက်သွယ်ရေး (ဥပမာ- ရထားလမ်း၊ ကားလမ်းများ) အဆင့်မြှင့်တင်ခြင်း ၊ ပညာရေး ၊ ကျန်းမာရေး နဲ့ စော်ဘွားတွေကို
ထောက်ပံ့ကြေး (Privy Purse) အဖြစ် အသုံးပြုကြပါတယ်...။

ဒီ ဖယ်ဒရေးရှင်းစနစ်ကြောင့်... ဗြိတိသျှခေတ် မတိုင်မီက
ရှမ်းစော်ဘွားတွေ အချင်းချင်း ဖြစ်ပွားလေ့ရှိတဲ့ နယ်မြေလု စစ်ပွဲတွေ နဲ့
စစ်မက်ဖြစ်ပွားမှုတွေ ချုပ်ငြိမ်းသွားခဲ့ပါတယ်..။

တောင်ကြီးမြို့ဟာလည်း
ခေတ်မီတဲ့ အုပ်ချုပ်ရေးမြို့တော် ဖြစ်လာခဲ့သလို
Chief's School လို့ခေါ်တဲ့ စော်ဘွား သားသမီးတွေ တက်ရောက်တဲ့
ကျောင်းတွေတည်ထောင်ပေးခဲ့တာကြောင့် အနောက်တိုင်းပညာရေး
စတင်ထိုးဖောက်နိုင်ခဲ့ပါတယ်...။ (ယနေ့ အ.ထ.က (၁) တောင်ကြီး)

(မှတ်ချက် - Chief School တွေမှာ စော်ဘွားသွေးစစ်စစ်
ယောကျ်ားလေးများသာ တက်ခွင့်ရှိပြီး ၊ မဟာဒေဝီ လောင်းလျာ
စော်ဘွားသမီးတော်တွေကတော့ မန္တလေး ၊ ရန်ကုန် က
ကွန်ဗင့် (Convents) ခရစ်ယာန် သာသနာပြု မိန်းကလေးကျောင်းတွေမှာပဲ သွားတက်ကြရပါတယ်...)

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ထဲ
ဂျပန်တွေ ဝင်ရောက်လာချိန်မှာတော့ အဆိုပါ ဖယ်ဒရေးရှင်းစနစ်ဟာ
ပျက်စီးသွားခဲ့ပြီး... စစ်ပြီးခေတ်မှာ ဗြိတိသျှအစိုးရက
ပြန်ပြီး အသက်သွင်းခဲ့ပါတယ်..။

လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံဟာ
ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာတဲ့အခါမှာ
စနစ်အားပြိုင်မှုတွေ ပေါ်ပေါက်လာပါတယ်...။

ဥပမာ - ဗမာပြည်မမှာ ဒီမိုကရေစီနည်းကျ
ရွေးကောက်တင်မြှောက်တဲ့ အစိုးရ အုပ်ချုပ်နေချိန်မှာ
ရှမ်းပြည်မှာတော့ ပဒေသရာဇ်စနစ် (မျိုးရိုးဆက်ခံ အုပ်ချုပ်မှု)
ရှိနေခြင်းဟာ ရှေ့နောက်မညီမှုတွေ ဖြစ်စေခဲ့ပါတယ်။

နောက်ပြီး ရှမ်းပြည်လူထုမှာလည်း
ဒီမိုကရေစီ အတွေးအခေါ်တွေ ရှိနေပြီဖြစ်သလို...
ခေတ်ပညာတတ်လူငယ်တွေရဲ့ "ပဒေသရာဇ်စနစ်" ဖျက်သိမ်းရေး
လှုပ်ရှားမှုတွေကလည်း အရှိန်မြှင့်လာနေပြီပဲ ဖြစ်ပါတယ်။

စော်ဘွားတွေရဲ့ ပဒေသရာဇ်အာဏာကို စွန့်လွှတ်ဖို့ 

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ

Post a Comment

0 Comments