မဟာမိတ်တို့ရဲ့ မြန်မာပြည်ထိုးစစ်
မြန်မာပြည်ကို ဖက်ဆစ်ဂျပန်လက်ထဲက ပြန်သိမ်းတဲ့
မြန်မာပြည်ထိုးစစ် (Burma Campaign) အတွင်းမှာ
နိုင်ငံပေါင်းစုံက တပ်ဖွဲ့တွေပါဝင်ခဲ့ပြီး စုစုပေါင်းအင်အားဟာ ၁ သန်း ဝန်းကျင်အထိ ရှိခဲ့ပါတယ်။
မြန်မာပြည်ထိုးစစ်မှာ ပါဝင်ခဲ့တဲ့ တပ်တွေကတော့
ဗြိတိသျှတပ်မတော် ၊ အိန္ဒိယတပ်မတော် ၊ ဂေါ်ရခါးတပ်များ ၊
အရှေ့အာဖရိကတပ်များ ၊ အမေရိကန်တပ်တွေနဲ့ တရုတ်တပ်ဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။
ဒီမဟာမိတ်တပ်ဖွဲ့တွေဟာ အဓိက စစ်ကြောင်းကြီး (၃) ကြောင်းခွဲပြီး
မြန်မာပြည်ထဲကို ဝင်ရောက်ခဲ့တာပါ။
အဆင့်လိုက်ပြောရရင်တော့ ပထမဦးဆုံး မြန်မာပြည်အတွင်း
ဝင်ရောက်ခဲ့တဲ့ မဟာမိတ်တပ်ဟာ အမေရိကန်ဗိုလ်ချုပ် ဂျိုးဇက် စတီးဝဲလ်
ဦးဆောင်တဲ့ အမေရိကန် - တရုတ် ပူးပေါင်းတပ်ဖွဲ့ပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ် ဂျိုးဇက် စတီးဝဲလ် ရဲ့ အဓိက တာဝန်ကတော့
တရုတ် - မြန်မာ မြောက်ပိုင်း စစ်မျက်နှာနှစ်ဖက်ကနေ ဖက်ဆစ်ဂျပန်တွေကို
ဖိအားပေးဖို့နဲ့ တရုတ်နဲ့ အိန္ဒိယကြားက Burma Road ကို ပြန်ဖွင့်ဖို့ပဲ
ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်တပ်တွေဟာ ၁၉၄၃ ခုနှစ် နှောင်းပိုင်းလောက်မှာ
မြစ်ကြီးနား
၊ မိုးညှင်း ၊ မိုးကောင်းဒေသကနေ မြန်မာပြည်မြောက်ဘက်ပိုင်းကို
ပထမဆုံးဝင်ရောက်ခဲ့ပါတယ်။ အမေရိကန် - တရုတ် ပူးပေါင်းတပ်တွေနဲ့
ဂျပန်တို့ကြားမှာ ဖြစ်ပွားခဲ့တဲ့ အဓိက တိုက်ပွဲတွေကတော့ မိုးကောင်းတိုက်ပွဲ
၊
မြစ်ကြီးနားတိုက်ပွဲ နဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသ တိုက်ပွဲတွေဟာ အလွန်ပဲ ပြင်းထန်ခဲ့ပါတယ်။
၁၉၄၄ ခုနှစ်မှာတော့ ဒုတိယ မဟာမိတ်စစ်ကြောင်းဖြစ်တဲ့
အမှတ် ၁၅ တပ်မကြီး ( ဗြိတိသျှ - အိန္ဒိယ ပူးပေါင်း) ဟာ
ရခိုင်ကမ်းရိုးတန်းကနေ မြန်မာပြည်အတွင်း ဝင်ရောက်ခဲ့ပါတယ်။
ဒီစစ်ကြောင်းမှာတော့ အင်အား ၇၀,၀၀၀ ကနေ ၉၀,၀၀၀ အထိ ပါဝင်ခဲ့ပြီး
ဘူးသီးတောင် ၊ မောင်တော ၊ စစ်တွေ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ဒေသတွေနဲ့ ပဲခူးဘက်ကို ဆက်သွားတဲ့ လမ်းကြောင်းအထိ ဖက်ဆစ်ဂျပန်တွေကို
တိုက်ထုတ်ခဲ့ပါတယ်။
အမှတ် ၁၅ တပ်မကြီးရဲ့ တာဝန်ကတော့
ကမ်းရိုးတန်းဘက်ကနေ ဂျပန်တွေကို ဖိအားပေးဖို့ ၊
ရေလမ်းကနေတဆင့် ကုန်တင်ပို့မှုလမ်းကြောင်းကို ဖြတ်တောက်ဖို့နဲ့
မြန်မာပြည် အလယ်ကနေ ဖောက်ဝင်လာမယ့် ပင်မစစ်ကြောင်းကြီးကို
အထောက်အကူပေးဖို့ပဲ ဖြစ်ပါတယ်။
ရခိုင်ဒေသမှာ မဟာမိတ်တပ်တွေနဲ့ ဂျပန်တွေ ဖြစ်ပွားခဲ့တဲ့
သမိုင်းဝင်တိုက်ပွဲတွေကတော့ ဘူးသီးတောင် - မောင်တော လမ်းကြောင်း
စိုးမိုးရေး တိုက်ပွဲ ၊ စစ်တွေ တိုက်ပွဲ ၊ ကုလားတန် - မေယု ကျွန်းဆွယ် တိုက်ပွဲ
တွေပဲ ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် ဇန်နဝါရီလမှာတော့
မြန်မာပြည်ရဲ့ အဆုံးအဖြတ် တိုက်ပွဲကို ဖော်ဆောင်မယ့်
ပင်မစစ်ကြောင်း အမှတ် ၁၄ တပ်မတော် ဟာ အိန္ဒိယဘက်ကနေ
ချင်းတွင်းမြစ်ကို ဖြတ်ပြီး ....မန္တလေး - မိထ္ထီလာဘက်ကို ဖောက်ဝင်လာပါတယ်။
အမှတ် ၁၄ တပ်မတော်ဟာ ဒုတိယကမ္ဘာစစ်အတွင်း
ဗမာပြည်စစ်မျက်နှာမှာ အင်အားအကြီးဆုံးဖြစ်သလို
အင်အား ၇၀၀,၀၀၀ ကနေ ၁,၀၀၀,၀၀၀ ဝန်းကျင်အထိ ရှိပြီး
ဗြိတိသျှ အဆင်မြင့် ဗိုလ်ချုပ်ကြီး ဝီလီယံစလင်းက ဦးစီးကွပ်ကဲခဲ့ပါတယ်။
အမှတ် ၁၄ တပ်မတော်ဟာ ချင်းတွင်းမြစ်ကူး စစ်ဆင်ရေးကို ဆင်နွှဲပြီး
အဆင့်ဆင့်သော ဂျပန်ခံစစ်လိုင်းတွေကို ဖောက်ဝင်နိုင်ခဲ့ပါတယ်။
ပြီးတော့ မိထ္ထီလာတိုက်ပွဲ ၊ မန္တလေးတိုက်ပွဲတွေကို ဆင်နွှဲခဲ့ပြီး
ဗမာပြည်အထက်ပိုင်း ဂျပန်ခံစစ်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။
အဲဒီနောက် အမှတ် ၁၄ တပ်မတော်ဟာ
ရန်ကုန်မြို့ကို သိမ်းဖို့အတွက် တောင်ပိုင်းကို ဆင်းလာခဲ့ပါတယ်။
ဒါပေမယ့်လည်း .... ချီတက်ရာ လမ်းကြောင်းအရ ထောက်ပံ့ရေးလမ်းကြောင်း ရှည်လျားမှု ၊ မိုးရာသီ နီးကပ်လာ၍ ထောက်ပံ့ရေး
လမ်းကြောင်း ခက်ခဲစေနိုင်မှု စတာတွေကြောင့် ဒရယ်ကူလာ စစ်ဆင်ရေး
(Operation Dracula) ကို စီစဥ်ခဲ့ပါတယ်။
ဒါက အမှတ် ၁၄ တပ်မတော် မြေပြင်တပ်တွေ ရောက်အလာကို
အခြား မဟာမိတ်တပ်တွေက မစောင့်တော့ပဲ ရန်ကုန်မြို့ကို ပင်လယ်ဘက်ကနေ ဝင်ပြီး အမြန်ဝင်သိမ်းဖို့ပဲ ဖြစ်ပါတယ်။
ဒရယ်ကူလာ စစ်ဆင်ရေးကို အဓိက ဖော်ဆောင်ခဲ့တာက
မဟာမိတ်ရေတပ်နဲ့ ကမ်းတက်တပ်တွေဖြစ်ပြီး မြေပြင်အဓိကတပ်ကတော့
အမှတ် ၂၆ အိန္ဒိယတပ်မ ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ရန်ကုန်မြို့ကို ပထမဆုံး ဝင်ရောက်တဲ့ တပ်ဟာ
အမှတ် ၂၆ အိန္ဒိယ တပ်မ ပဲ ဖြစ်ပါတယ်။
အဲဒီအချိန် ဖက်ဆစ်ဂျပန်တွေဟာ ရန်ကုန်ကနေ အပူတပြင်း ဆုတ်ခွာသွားပြီဖြစ်တာကြောင့်.... မြို့တွင်းတိုက်ပွဲတွေတော့ မဖြစ်ပွားခဲ့ပါဘူး။
ဒါကြောင့် ကျွန်တော်တို့ ကျောင်းသင်ရိုး သမိုင်းစာတွေမှာ သင်ရတဲ့
"မဟာမိတ်တပ်တွေ မရောက်မီ ဗိုလ်နေဝင်းဦးဆောင်တဲ့ ဖက်ဆစ်တော်လှန်ရေးတပ်တွေက ရန်ကုန်မြို့ကို အရင်သိမ်းနိုင်ခဲ့တာကြောင့်
ဖက်ဆစ်ဂျပန်တွေရဲ့
ရန်ကုန်မြို့ကို မြေလှန်ဖျက်ဆီးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခဲ့တယ် "
ဆိုတာနဲ့ ပက်သက်ပြီး မိတ်ဆွေရဲ့ အမြင်ကို comment မှာ ရေးခဲ့ပေးပါအုံး....။
#ရန်ကုန် #မဟာမိတ်တပ် #အမှတ်၁၄တပ်မတော် #ဒရယ်ကူလာစစ်ဆင်ရေး
#ဗိုလ်ချုပ်ကြီးဝီလီယံစလင်း
Link >>> [ WISDOM HEART OFFICIAL ]


0 Comments