About Me

header ads

တရုတ်ကြောင်း မြန်မာကိုအမေရိကန်

 တရုတ်ကြောင်း မြန်မာကိုအမေရိကန်ကဝင်စွက်ဖက်ခဲ့ရတယ်လို့သင်ထင်နေတုန်းလား
စာကိုသေချာဖတ်ကြည့်

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေမြန်မာပြည်ကိုဖြတ်သွယ်တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း
အရှေ့အလယ်ပိုင်းက သဘာဝဓာတ်ငွေ့ တွေ LNG တွေဝယ်ယူပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေတဆင့် ပိုက်လိုင်း နဲ့ တရုတ်နိုင်ငံထဲကိုပို့တဲ့လမ်းကြောင်း
မြန်မာကတော့ ပိုက်လိုင်းသွယ်တန်းလို့ ရတဲ့အကျိူးအမြတ်ရယ်
ဆိပ်ကမ်းအသုံးပြုလို့ရတဲ့အကျိူးအမြတ်တွေလည်း ရတယ်
ထိုင်းမြန်မာပိုက်လိုင်းလည်း အဲ့ဒီလိုပဲ
မြန်မာတရုတ်ပိုက်လိုင်းလိုမျိူး ကမ္ဘာမှာ ပိုင်းလိုင်းသွယ်တန်းတဲ့နိုင်ငံတွေအများအပြားရှိတယ်

မြန်မာနိုင်ငံကနေဝယ်တာမဟုတ်ဘူး
မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ ရေနံ စတဲ့သဘာဝသယံဇာတ တွေ ဘယ်လောက်မှမထွက်ပါဘူး
မြန်မာတောင် အရှေ့အလယ်ပိုင်းနိုင်ငံ ထိုင်း အိန္ဒိယ စင်္ဂပူ တို့ဆီကနေ ရေနံစိမ်း ဓာတ်ဆီ ဒီဇာယ် 

တိုက်ရိုက်ဝယ်သွင်းနေရတာ
မြန်မာပြည်က ထွက်တဲ့ သဘာဝသယံဇာတ တွေဟာ
အာဆီယံ ၅ နိုင်ငံစာရင်းထဲမှာတောင်မရှိဘူး

ပိုက်လိုင်းသွယ်တန်းလို့ရတဲ့အကျိူးက မလ္လကာရေလက်ကြား ကိုဖြတ်စရာမလိုတော့ဘူး
ခရီးတိုသွားသလို ကုန်ကျစရိတ်လည်းအများကြီးသက်သာတယ်
မြန်မာကတော့ နယ်မြေအသုံးပြုခ အခွန် ဆိပ်ကမ်းအခွန် တွေ ရတယ်
မြန်မာလာအို ပိုက်လိုင်း ပါ နောက်ဆိုရင်လည်း သွယ်တန်းသင့်တယ်

အမေရိကန်က မြန်မာကို ဘင်္ဂလားဒေ့ရ် နဲ့ ထိုင်း အင်ဒို တို့နဲ့ ပေါင်းညပ်ချင်ပြီး
ဘင်္ဂလားပင်လယ်အော်ကိုစိုးမိုး ကြံစည်နေပုံရတယ်
အဲ့ဒီအတွက်ပေးဆပ်ရမှာ ဘင်္ဂလားဒေ့ရ် ဟာ ကြားညပ်မိလိမ့်မယ်

တရုတ်အကျိူးစီးပွားကြောင်း မြန်မာကိုနှောင့်ယှက်ဖျက်စီးတာထက်
မြန်မာနိုင်ငံရဲ့ ပထဝီဝင်တည်နေရာအချက်အချာကျမှုကြောင်းပါ

မြန်မာဟာ တရုတ် အိန္ဒိယ အာဆီယံ ကမ္ဘာ့လူဦးရေ တဝက်ကျော် ရဲ့ အလယ်မှာတည်ရှိနေမှုက အင်အားကြီးနိုင်ငံအတွက် အဆီတဝင်းဝင်းလိုမျက်စိစူးစေတယ်
မြန်မာကနေ အိန္ဒိယ တရုတ် အာဆီယံကို လှမ်းထိန်းကြောင်းလို့ရတယ်
မြန်မာကိုရလိုက်ရင် ကမ္ဘာတဝက်ကိုရပြီးသားပဲ

မြန်မာနိုင်ငံရဲ အသက်သွေးကြောဟာ တပ်မတော်ပဲ အမေရိကန်ဟာ တပ်မတော်ကိုနည်းအမျိူးမျိူးနဲ့ ချည်းကပ် ထိန်းချုပ်ချင်ပြီး မြန်မာနိုင်ငံကို ကိုလိုနီနိုင်ငံသဖွယ် ပြုမူဆက်ဆံ ချင်တယ်
လက်အောက်ခံနိုင်ငံမျိူးထားချင်တယ်
တပ်မတော်ဖက်က လက်မခံပါဘူး မြန်မာနိုင်ငံဟာ မည်သည့်အင်အားကြီးနိုင်ငံရဲ့ ပြောတိုင်းလိုက်လုပ်နေရမဲ့ကျွန်မှမဟုတ်ဘူး မည်သည့်အင်အားကြီးနိုင်ငံရဲ့သြဇာခံနိုင်ငံအဖြစ်မလုပ်ဘူးလို့ တပ်မတော်ဖက်က အပြတ်ငြင်းလိုက်လို့

အဲ့ဒီတော့ အမေရိကန်တို့ထုံးစံအတိုင်း ကိုယ်ဘက်မပါတဲ့သူကို ရန်သူအဖြစ်သတ်မှတ်ဖျက်စီးနေကျမဟုတ်လား
မွဲပြာကျအောင် စီးပွားရေးပိတ်ဆို့
လက်အောက်ခံပါတီကိုထောက်ပံ့ပြီး အစိုးရဖြစ်အောင်အရောင်တင်ပေးတာမျိူး ၊ မီဒီယာ ၊NGOs ထင်ရှားကျော်ကြားသူတွေနဲ့ သူပုန်တွေကို ထောက်ပံ့ပြီး တပ်မတော် နဲ့ နိုင်ငံတော်ကို အကြမ်းဖက်နည်းလမ်းနဲ့ ဖျက်စီးခိုင်းတာမျိူး ပုံရိပ်ကျဆင်းအောင်ဖန်တီးတာမျိူးပဲတတ်နိုင်တယ်
မြန်မာဟာ အမေရိကန်ရဲ့ရန်သူစာရင်းထဲမှာ ထိပ်ဆုံးအဆင့်အဖြစ် သတ်မှတ်ထားတယ်
အီရန်လည်းအမေရိကန်ပြောသမျှလိုက်လုပ်တဲ့ ကျွန်လိုမျိူးနေရင် ခေါင်းဆောင်ကြီးခါမေနီလည်း သေမှာမဟုတ်ဘူး အမေရိကန်ချီးကျူးတာတောင်ခံရဦးမယ်
နိုင်ငံလည်းဗုံးကျဲမခံရဘူး

မြန်မာတပ်မတော်လည်း အမေရိကန်ပြောသမျှလိုက်လုပ်နေရတဲ့ ကျွန်လိုဘဝမျိူးနေရင် နှစ်၁၀၀ အုပ်ချုပ်လည်း အမေရိကန်အပြစ်တင်မှာမဟုတ်ဘူး
ကြိုက်သလိုအာဏာရှင်လုပ်လို့ရတယ်
ဆော်ဒီ UAE ကာတာ စတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကသက်သေပဲ
အမေရိကန်ပြောသမျှ လိုက်လုပ်ပေးပြီး အာဏာရှင်လုပ်တဲ့နိုင်ငံတွေမှအများကြီး
လူအခွင့်အရေး လစ်ဘရယ် စကားပြောမယ်ဆိုရင် မြန်မာအလည့်တောင်ရောက်မှာမဟုတ်တော့ဘူး

မြန်မာနိုင်ငံ နဲ့ တပ်မတော် တို့လက်ခံကျင့်သုံးနေတဲ့မူဝါဒက ကြားနေမူဝါဒ ဘက်မလိုက်မူ လွှတ်လပ်တဲ့နိုင်ငံခြားရေးမူဝါဒကိုစွဲကိုင်ထားတယ် ဘယ်ပြည်ပရဲ့ သြဇာကိုမှ လက်မခံဘူး
အမေရိကန်က မြန်မာကို သြဇာခံနိုင်ငံလုပ်စေချင်တယ် 


NLD ကိုမွေးမြူပြီး မီဒီယာ နဲ့ ထင်ရှားကျော်ကြားသူတွေ သူပုန်တွေနဲ့ ဝန်းရံပေးပြီး စင်တင်ပေးတာသက်သေပဲ
တရုတ်လည်းမြန်မာကိုသြဇာခံနိုင်ငံ လုပ်စေချင်တယ် 


မြောက်ပိုင်းသူပုန်ကိုမွေးပြီး နိုင်ငံရေးသမား လွှတ်တော်အမတ် ကို ငွေနှင့်မျှားပြီး ဝယ်ယူ ဆွေမျိူးပေါက်ဖော် လမ်းခင်း မြန်မာသယံဇာတကို သူပုန်ကနေတဆင့်နိက်ယူနေတာ

အမေရိကန်ရော တရုတ်ရော တူညီတဲ့ ရည်မှန်းချက်က မြန်မာကို သြဇာခံနိုင်ငံ ကျွန်ပြုချင်လို့ပဲ
အမေရိကန်က အကြမ်းဖက်နည်းရော အနုနည်းရော သုံးလို့ သိသာပေမဲ့
တရုတ်က အနုနည်းနဲ့ ဂုတ်သွေးစုပ်တာ

အမေရိကန်က တရုတ်အကျိူးစီးပွားကို ပိတ်ဆို့ဖို့ မြန်မာနိုင်ငံကို နှောင့်ယှက်ဖျက်စီးရတာထက် မြန်မာကိုသြဇာခံနိုင်ငံ ကိုလိုနီနိုင်ငံအဖြစ် ထားချင်ပြီး မြန်မာနယ်မြေကိုအသုံးချပြီး အိန္ဒိယ တရုတ် အာဆီယံကို ထိန်းချုပ်ချင်တာမြန်မာပြည်မှာရှိတဲ့တရုတ်အကျိူးစီးပွား ဟာ အမေရိကန်ရှိ တရုတ်အကျိူးစီးပွား ရဲ့ အပုံ ၁၀၀၀ ပုံရင် ၁ပုံတောင်မရှိဘူး  ဒါကိုနားလည်ထားဖို့လိုတယ်
#myanmartiktok #တရုတ် #အမေရိကန်

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ  

Post a Comment

0 Comments