ဗိုလ်ချုပ် အောင်ဆန်း နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီ တို့
“အောင်ဆန်း-အက်တလီ” စာချုပ်ချုပ်ဆို လိုက် တာ နဲ့ ပတ်သက်ပြီး
ကျန်တဲ့သူတွေ လက်မှတ်ထိုးပေမယ့် ဦးစောနဲ့ သခင်ဗစိန်တို့ကတော့ လက်မှတ် မထိုးခဲ့ကြပါဘူး...။
အဲဒီနောက် ဦးစောတို့ဟာ လန်ဒန်မှာ နေရစ်ခဲ့ကြပြီး
ဗြိတိသျှအရင်းရှင်တွေဆီကနေ မြန်မာငွေ (၅) သိန်းကျပ်နဲ့ ညီမျှတဲ့
စတာလင်ပေါင်ငွေကြေးတွေကို ရယူခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ သတင်းကြောင့် “နိုင်ငံတော် လုပ်ကြံမှုကြီးမှာ
ဗြိတိသျှ ကိုလိုနီအစိုးရ မပါဝင်ကြောင်း ၊
ဗြိတိသျှ အစိုးရနဲ့အတူ တရားခံ အစစ် ကို ဖမ်းဆီးမိရဖို့အတွက်
ကြိုးစား ရှာဖွေလျက် ရှိကြောင်း” ဆိုတဲ့ ဗြိတိသျှအစိုးရကို ကာကွယ်ပေးတဲ့ ကြောညာချက်ကို ဦးနုအစိုးရက ထုတ်ပြန်တော့မယ့်ဆဲဆဲမှာ
မထုတ်ပြန်တော့ဘဲ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဗြိတိသျှ အစိုးရဟာ
ဗိုလ်ချုပ်တို့ကို မလုပ်ကြံမီကတည်းက ဦးစောကို
အစိုးရ စုံထောက်အဖွဲ့ကနေ တဆင့် စောင့်ကြည့် သိရှိနေခဲ့တယ်လို့ဆိုပါတယ်။
ဒါကို ဦးစော လှုပ်ရှားမှုကို အဓိက စောင့်ကြည့်ရတဲ့
ပုလိပ်ကလေး မောင်မောင်ကနေတဆင့် သိကြရတာပါ။
နောက်တစ်ယောက်ကတော့
အဲဒီအချိန်တုန်းက မရမ်းကုန်း ရဲဌာနအုပ် ရဲအရာရှိကြီး တဦးဟာ
ဦးစောရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး
ဦးစောဟာ ရာဇဝတ်မှုကြီး တခုကို ကျူးလွန်တော့မယ် ဆိုတဲ့အကြောင်း အကြိမ်ကြိမ် အစီရင်ခံစာတင်ခဲ့ပေမယ့် ဗြိတိသျှ အစိုးရက
မသိချင်ယောင်ဆောင်နေခဲ့တယ်လို့ ဆိုပါတယ်။
၁၉၄၇ ဇွန် ၂၄ ရက်နေ့နဲ့ ဇူလိုင် ၁၀ ရက်မှာ
ပုလိပ် လက်နက် ထောက်ပံ့ရေးဌာန ရာဇဝတ်ဝန် ဗီဗီယန်းကနေ
ဦးစောကို ဘရင်းဂန်း အလက် ၂၀၀ နဲ့ ပြောင်းပိုတွေ ၊
အခြားလက်နက်များခဲယမ်းများစွာကို လျှို့ဝှက်ထုတ်ပေးခဲ့ပါတယ်။
ပြီးတော့ အဲဒီလက်နက်တွေအပြင်
ဘီအီးအမ်အီး တပ်မှူး ဗိုလ်မှူး စီအိပ်ချ်ရန်း ၊ ဗိုလ်မှူး လန်းစ်ဒိန်း တို့ဆီ
ကနေလည်း စက်လတ် အပါ အဝင် လက်နက်မျိုးစုံနဲ့ ကျည်တွေကိုလည်း
ဝယ်ယူခဲ့ပါသေးတယ်။
ကြိုးနီစနစ်နဲ့ ထိန်းသိမ်းရတဲ့ လက်နက်ခဲယမ်းတွေ အမြောက်အများ
ဦးစောလက်ထဲကို လွယ်လင့်တကူ ရောက်ရှိသွားခြင်းဟာ
ဗြိတိသျှအစိုးရရဲ့ ခွင့်ပြုချက်မပါပဲ ဘယ်လိုမှ မဖြစ်နိုင်ပါ....။
ဒါ့အပြင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုကို စုံစမ်းရာမှာပါဝင်ခဲ့တဲ့
ပုလိပ်မင်းကြီး ဦးလှထွန်းအောင်ရဲ့သား ဦးအောင်ခင် ၁၉၉၃ လောက် က
ရေးသားခဲ့တဲ့ (Who Kill Aung San) ဆိုတဲ့ စာအုပ်မှာလည်း
ဦးစော ကြိုးမိန့်ချခံရပြီးချိန်မှာ ထွက်ပြေးလွတ်မြောက်ဖို့အတွက်
ထောင်မင်းကြီး ဦးစံတင်ကို ငွေပေးဖို့ ကြံစည်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီငွေရဖို့ အင်္ဂလိပ် အရာရှိကြီးတွေဆီ ဦးစောက
ငွေတောင်းခံစာတွေ ပေးပို့ခဲ့ကြောင်း ရေးသားထားပါတယ်။
မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ


0 Comments