ထိုင်းမှာ အိမ်မဝယ်နဲ့ ၊ စတော့စျေးကွက်ထဲမြုပ်နှံ ဆိုတဲ့ သဘောလေးရေးထားတာ ဖြတ်ကနဲ ဖတ် လိုက်ရတယ်။ ROI သဘောမျိုးတွက်ပြထားတာလေးလည်း ပါရဲ့။
သူကလည်း သူ့တွက်ကိန်းနဲ့သူပေါ့လေ။
ကျနော်တို့ကြတော့
old school သမားတွေလို့ပြောရမယ် ထင်တယ်။ မြေသမား၊ ခြံသမား၊ property
စုတဲ့အစားထဲက။ ကျနော်တို့ပေါင်း သင်းဆက်ဆံဖူးတာကလည်း မြေသမားတွေပါတယ်။
မြမ္မာပြည်မှာပေါ့လေ။
နဝတ ခေတ်က
မြေစျေးကအဲ့လောက် မဟုတ်။ ခေတ်မပြောင်းသေးခင် မြေစျေးတွေမော့။
ဦးသိန်းစိန်ခေတ် မှာ မြေစျေးတွေတက်- မြေတစ်ခေတ်ဖြစ်တယ်။ မြေသူဌေးတွေ
ပေါ်လာတယ်။
အဲ့ဒီမြေသူဌေးကို ရောင်းကောင်းရောင်းဝယ်သမားက လိုက်လို့ကို မမှီတော့ဘူး။ NLD ခေတ်မှာ မြေစျေး နှင့် property စျေးကွက် တန့်သွားတယ်။
အာဏာသိမ်းတော့ မြေတွေ ရတဲ့စျေးနဲ့ထုတ်
ရောင်းကြတယ်။ နိုင်ငံရပ်ခြားပြောင်းကြတယ်။
ဘဏ်ထဲထားရင်လည်း စိတ့်မချရ၊ ကိုယ့်ငွေကို ကိုယ် ထုတ်ချင်တိုင်းထုတ်မရတဲ့ အခြေနေမျိုးမကြိုက်တဲ့လူတွေက မြေတွေပစ်ဝယ်လိုက်တယ်။
အောက်စျေးနဲ့
ရလိုက်တဲ့လူတွေက နှစ်ဆလည်း ရရော ပြန်ထုတ်ကြတယ်။ အဲ့လို
ပြန်ဦးမော့စပြုလာတဲ့အချိန်က လက်ကြီးသမားတွေ ဝင်တဲ့အချိန်။ ခုဆို
ဦးသိန်းစိန်ခေတ်နီးပါး ပြန်ရောက် လာတယ်။
ကြိုက်ရောင်း၊
ကြိုက်ဝယ်။ မှားတယ်- မှန်တယ်ပြောဖို့မလွယ်ဘူး။ ကိုယ့်တွက်ကိန်းနဲ့ကိုယ်။
ကိုယ့်ကျွမ်းကျင် မှုနဲ့ ကိုယ်။ အရင်ကလို ၂၄ နာရီမီးမလားတော့တဲ့
ရန်ကုန်တိုက်ခန်းတွေရဲ့ စျေးကွက်က သိပ်မကောင်းချင်တော့ဘူး။
ငှါးစားဖို့ထက်
ဥထားဖို့ဖြစ်လာတဲ့အချိန်တိုတော့ လူတွေက မြေတွေဘက်လှည့်လာရော။
အကုန်လုံးတော့ မဟုတ်။ ရွှေဘက်လှည့်၊ ရွှေတစ်ခေတ်မှာ အလုပ်ဖြစ်သွားတဲ့လူတွေ
မနည်းဘူး။
ဆယ်နှစ်လောက်
ဘာအလုပ်မှမလုပ်ဖဲ ထိုင်စားနိုင်တဲ့ဘူတွေက မြေဂရမ်ကိုင်ပီး ဝန်ချုံ့၊
ဝန်ကျုံ့လိုက်ကြတယ်။ ဂရမ်စာရွက်က သယ်သွားလို့ရတယ်။ အဲ့ဒါ ကွာတယ်။
ကျနော့မိတ်ဆွေတွေထဲ
နေ့စဉ်သိန်းသောင်းချီတဲ့အကွက်တွေ ဝယ်ရောင်းဖြစ်နေကြတယ်။ ပေုါရမှာ
အားနာပေမယ့် တချို့တွေသာ ခက်နေတာ။ တချို့တွေ အရမ်းအဆင်ပြေနေတယ်။ ခုပြောနေတာ
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကနေ ခုလက်ရှိဖြစ်နေတာကို ပြောပြတာ။
Digital
Currency လည်း သယ်သွားလို့ရပါတယ် ကိုလင်းရဲ့ ဆိုပီးပြောလာမှာလည်း
သိတယ်။ဇင်းမယ် က ဒီဂျစ်တယ်နိုမစ်တွေကိုလည်း သိနေ မြင်နေရတယ်။
ကျနော်လို
old school သမားကြတော့ ဒီဂျစ်တယ် ငွေကြေးစနစ်၊ စတော့စျေးကွက်ဆိုတာမျိုးက
ကမ္ဘာကြီးတည်ငြိမ်အေးချမ်း၊ စီးပွါးရေးကောင်း၊ ကုန်သွယ်ရေးတွေကောင်းတဲ့
အချိန်မှာ ပိုအဆင်ပြေတာလို့ ထင်တယ်။
လောလောဆယ်တော့
ကမ္ဘာကြီးလည်း ခေတ်ပျက်၊ စစ်ဖြစ်နဲ့ စီးပွါးရေးဘက် မလှည့်နိုင်သေးပါဘူး။
အရူးတွေလုပ်သမျှ ဖွင့်ဟ- ပိတ်ဟ။ ရောင်းဟ- ထရိတ်ဟ နဲ့ ဒီရက်ပိုင်း
စီးပွါးပျက်သွားတဲ့လူတွေ အသံထွက်မလာဘူး။
နောက်နှစ်ထဲကောင်းလာမှာလား? နောက် ၃-၄-၅ နှစ်ဆို အဆင်ပြေလာမှာလား ? ဖြေနိုင်တဲ့ ဆရာကြီးများက ဖြေပေါ့လေ။
ကျနော်တို့လို old school သမားတွေကတော့ ထုံးစံအတိုင်း ထိုင်းမှာ မြေဖက်လှည့်ချင်လာတယ်။ မြေကစားဖို့ မဟုတ်။
အိမ်လေးတစ်လုံးတော့
မက်တယ်။ ကိုယ့် အပိုင်အိမ်မှ လုံခြုံတယ် လို့ထင်တယ်။သာယာတယ်လို့ထင်တယ်။
စိတ်ဒါဏ် ရာသက်သာတယ်လို့ထင်တယ်။ မီးခြစ်ပုံးလောက်ရှိတဲ့ တိုက်ခန်းတွေထဲလည်း
ဆက်မနေချင်တော့ဘူး။
ဘတ် ၂
သန်းတန်ဝယ်မယ်။ ခုငှါးနေတာကလည်း ဘတ် ၁၂၀၀၀ ကျတယ်။ တစ်နှစ်ကို
ဘတ်တစ်သိန်းခွဲ ဝန်းကျင်ကျတယ်။ အနှစ် ၂၀ ဆို ဘတ် ၃ သန်း။ အနှစ် ၃၀
ဘဲနေရတယ်ထားဦး ၁၀ နှစ်မြတ်တယ်။
ဥပဒေနဲ့
အညီဝယ်ထားရင် ထိုင်းအစိုးရက လက် လွတ်စပယ်ပြန်သိမ်းတယ်ဆိုတာ
မရှိဖူးပါ။နာမည်ခံနဲ့ တရားမဝင်ဝယ်ထားတာ မိရင် တောင် မှ ပြန်ရောင်းဖို့
အချိန်ပေး- အခွင့်ရေးပေးတယ်။
ဒီတော့
ကျနော်တို့က အဲ့လိုတွေးတယ်။ နှစ် ၃၀ ခိုလုံ-လုံခြုံမှုနှင့်တင်တန်တယ်လို့
တွက်တယ်။ နှစ် ၆၀ ရရင် အတိုင်းထက်အလွန်။ နှစ် ၉၀ ကတော့ မှန်းကို မထားဘူး။
ဒီတော့ အများကြီးတွက်ချက်မနေတော့ဘူး။ ငှါးနေတော့လည်း တစ်လုံးတစ်ခဲတည်းမထွက်တော့ဘူး။ လုံးပါး ပါးအောင်တော့ မသုံးနဲ့ပေါ့။
မြမ္မာစကားမှာ ကျွမ်းကျင်ရာလိမ္မာတဲ့။ တစ်နည်းပြောတော့ မကျွမ်းကျင်ရာမှာ မမိုက်နဲ့ပေါ့။
#ထိုင်းဋီကာ


0 Comments