"ရခိုင်မှတ်တမ်းတွေကပြောတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ရဲ့
စစ်ရာဇဝတ်မှုများ"
ဂျပန်တပ်တွေဟာ ၁၉၄၂ ခုနှစ် ၊ မတ်လကုန်လောက်မှာ
မြန်မာပြည်အောက်ပိုင်းကို ထိန်းချုပ်နိုင်ခဲ့ကြပါတယ်။
အဲဒီနောက် ဗြိတိသျှတပ်တွေ ဆုတ်ခွာရာလမ်းကြောင်းကို
လိုက်လံဖိအားပေးတိုက်ခိုက်ဖို့အတွက်... ဂျပန်စစ်တပ်နဲ့အတူ
BIA တပ်တွေဟာ ဒေသအသီးသီး ဖြန့်ခွဲပြီး ချီတက်ခဲ့ကြပါတယ်။
ဒါကြောင့် မြန်မာပြည် အနောက်ဘက် ရခိုင်စစ်မျက်နှာကို
အဓိက ဦးစီးခဲ့ရသူကတော့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) က
ဗိုလ်ရန်အောင်ပဲ ဖြစ်ပါတယ်။
ဗိုလ်ရန်အောင်ခေါင်းဆောင်တဲ့ BIA တပ်တွေ မရောက်လာမီက
(ဂျပန်တပ်တွေ မြန်မာပြည်ထဲ ဝင်လာစအချိန်) ရခိုင်ဒေသရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်တော့... ဗြိတိသျှအုပ်ချုပ်ရေးပြိုလဲပြီး
အာဏာလစ်ဟာမှုဖြစ်နေတာကြောင့် ထိုအချိန်ကတည်းက
ရခိုင် နဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတွေကြားမှာ
အကြောက်တရား နဲ့ သံသယတွေ တိုးလာနေပြီပဲ ဖြစ်ပါတယ်။
အဲဒီနောက် ဗိုလ်ရန်အောင်တို့ BIA တပ်တွေ
ရခိုင်ဒေသထဲ ဝင်ရောက်သွားချိန် (၁၉၄၂ ခုနှစ် - မေလ) မှာ
နှစ်ဖက် ပဋိပက္ခတွေဟာ အကြမ်းဖက်မှုတွေနဲ့ လက်တုံ့ပြန်မှုတွေအထိ
ပြင်းထန်နေပြီပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗိုလ်ရန်အောင်ဟာ ဒီပဋိပက္ခတွေကို
ဖြေရှင်းဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ ရခိုင်မှတ်တမ်းတွေက ဆိုပါတယ်။
The Mog Nation Wiki ရဲ့ မှတ်တမ်းအရ
ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) က အဓိကရုဏ်းကို ဦးဆောင်ခဲ့တဲ့
ရခိုင်အမျိုးသား ဦးသိန်းအောင်ကျော် နဲ့ ဦးကျော်ယတို့ကို
မင်းပြားမြို့မှာ ဖမ်းဆီးခဲ့ပါတယ်။
ဒါပေမယ့်လည်း ရခိုင် နိုင်ငံရေးခေါင်းဆောင် ဦးဘုံပေါက်သာကျော်တို့ရဲ့
ကြားဝင်ညှိနှိုင်းပေးမှုအရ အဆိုပါ နှစ်ဦးကို အရေးမယူတော့ပဲ
BIA ကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြကြပါတယ်။
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) က
မြောက်ဦးမြို့ (မြို့ဟောင်း) ကို ရောက်တဲ့အခါ
ဦးထွန်းလှအောင် (ဒေသအုပ်ချုပ်ရေးခေါင်းဆောင် ဟု ယူဆရ) ကို
ဆွေးနွေးညှိနှိုင်းစရာ ကိစ္စအတွက် မြောက်ဦး နန်းတော်ရာကုန်းကို
လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဦးထွန်းလှအောင် BIA တပ်စွဲထားရာ နန်းတော်ရာကုန်းကို
ရောက်တဲ့အခါမှာတော့ လူမျိုးရေး အဓိကရုဏ်းကို ဖန်တီးတယ်ဆိုတဲ့
စွပ်စွဲချက်နဲ့ BIA ကနေ ဖမ်းဆီးခဲ့ပါတယ်။
နောက် (၃) ရက်မျှကြာတဲ့အခါ
BIA တပ်က အရာရှိ ဗိုလ်ရန်အောင် မိန့်ခွန်းပြောမှာဖြစ်တဲ့အတွက်
တစ်အိမ်တစ်ယောက် မလာမနေရဆိုပြီး နန်းတော်ရာကုန်းအရှေ့ဘက်
ဘောလုံးကွင်းထဲမှာ အရပ်သားတွေကို စုဝေးစေခဲ့တယ်လို့ ရခိုင်မှတ်တမ်းတွေ
မှာ ဖော်ပြထားကြပါတယ်။
အဲဒီနောက်မှာတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့
ဦးထွန်းလှအောင်ကို ခေါ်ထုတ်လာချိန်မှာတော့....
ရခိုင်ပြည်သူတွေမှာ အံ့သြသွားကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ကာ
အချို့မှာ ထပြန်ဖို့အထိ လုပ်ကြတာကြောင့် လူစုလူဝေးကို
BIA စစ်သားတွေက လက်နက်တွေနဲ့ ဝိုင်းထားခဲ့ကြတယ်လို့ ရခိုင်မှတ်တမ်းတွေမှာ ဖော်ပြကြပါတယ်။
ဆက်ပြီး ဗိုလ်ရန်အောင်က အုပ်ချုပ်ရေးကင်းမဲ့နေချိန်မှာ
လူမျိုးရေး ပဋိပက္ခဖန်တီး၍ စံပြအနေဖြင့် လူထုရှေ့မှာ အရေးယူမည့်
အကြောင်း မိန့်ခွန်းကို တိုတိုတုတ်တုတ် ပြောပြီး.... ဦးထွန်းလှအောင်ကို
နောက်ဆုံးအနေနဲ့ သူ့ပြုလုပ်လိုတဲ့ ဆန္ဒကို တောင်းဆိုခွင့်ပေးခဲ့တယ်လို့
ဆိုပါတယ်။
ဒါကြောင့် ဦးထွန်းလှအောင်က
ဘုန်းကြီးတစ်ပါးကို အလှူအတန်းပြုလုပ်လိုကြောင်းနဲ့
ရခိုင်လူထုကို (၁) နာရီခန့် တရားဟောလိုကြောင်း တောင်းဆိုခဲ့ပြီး
ဗိုလ်ရန်အောင်က ခွင့်ပြုပေးခဲ့ပါတယ်။
အဲဒီနောက် အနီးဝန်းကျင် ဘုန်းကြီးကျောင်းက
ဆရာတော်တစ်ပါးကို ပင့်ပေးခဲ့ပြီး....ဦးထွန်းလှအောင်က
သူ့ရဲ့ ပုဆိုးခါးလိတ်ထဲမှာ ရှိတဲ့ ငွေအနည်းငယ်ကို စစ်သားတွေကို ထုတ်ယူစေပြီး နောက်ဆုံးအလှုအဖြစ် ကပ်လှုစေပါတယ်။
ပြီးတာနဲ့ ဦးထွန်းလှအောင်က ရခိုင်လူထုကို စပြီး တရားဟောပါတယ်။
ရခိုင်လူမျိူးတွေရဲ့ ကြီးကျယ်မြင့်မြတ်ခဲ့တဲ့ ရခိုင့်နိုင်ငံသမိုင်းကြောင်းနဲ့
ရခိုင် - mုလား ပဋိပက္ခဖြစ်ပွားရပုံ (ယိုင်သည်ရွာစျေးက သူနဲ့အတူ
ရခိုင်လူမျိုးတွေ စုဖွဲ့ပြီးရောင်းချနေတဲ့ အသင်းပိုင်ဆိုင်ခန်းကို mုလားတွေက
ဝါဦး
ဥပုဒ်သတင်းစောင့်တည်နေချိန်မှာ လာရောက်ဖျက်ဆီးကြပုံ ၊ ရခိုင်လူမျိုးတွေကို
ရန်စကြပုံ ၊ အင်္ဂလိပ်တွေရဲ့ နောက်ချန်အင်အားအဖြစ် ထားခဲ့တဲ့
ရာဂျပုတ် mုလားစစ်သားတွေကပါ ပူးပေါင်းပြီး ရခိုင်လူမျိုးတွေကို တိုက်ခိုက်ကြပုံ ၊ မိမိတို့ ရခိုင်ဘက်မှ ဗြိတိသျှစစ်တပ်ကနေ ပြေးလာတဲ့
ကရင်စစ်သားတွေက ကူညီတိုက်ခိုက်ပေးခဲ့ပုံ ၊ ရခိုင် - mုလား ပဋိပက္ခဖြစ်ရတာဟာ အသစ်ဝင်လာတဲ့ mုလားတွေကြောင့် ဖြစ်ရတဲ့အတွက်
ဒေသခံ mုလားတွေကပါ အသစ်ဝင်လာတဲ့ mုလားတွေကို မောင်းထုတ်ကြပုံ ၊ လူသစ် mုလားတွေအနေနဲ့ ကိုယ့်ပြည်နဲ့ကိုယ် လုံလုံခြုံခြုံပြန်လိုလျှင်
ပြန်ခွင့်ပေးရုံသာမက လမ်းခရီးမှာ အန္တရာယ်မကျရောက်စေဖို့အတွက်
ရသေ့တောင်မြို့နယ်အထိ မိမိတို့က တာဝန်ယူပြီး ပို့ဆောင်ပေးခဲ့ပုံ ၊
ငြိမ်းချမ်းစပြုနေတဲ့ အခြေအနေမှာ BIA တပ်က မိမိတို့ရွာတွေကို
ရောက်လာခဲ့ပြီး ဆွေးနွေးညှိနှိုင်းဖို့အတွက် မြောက်ဦးနန်းတော်ရာကုန်းကို
ဖိတ်ခေါ်ခဲ့ပုံ ၊ ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ကြတဲ့ ကရင်စစ်သားတွေက
အရေးကြီးရင် သွေးနီးတယ်ဆိုတဲ့ စကားနှင့်အညီ ရခိုင်များဘက်မှ ကာကွယ်ပေးခဲ့တာကြောင့်.... ဗုဒ္ဓဘာသာ၀င်တွေ ဖြစ်ကြတဲ့ ဗမာတွေ (BIA) က
မိမိကို ဤသို့လုပ်ကြံလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပုံ စသဖြင့် လူထုအား
ဟောပြောခဲ့ပါတယ်။ )
( မူရင်းမှတ်တမ်းများအရ လူမျိုးရေးတရားတွေပါ ပါသမျှ ယခုပို့စ်တွင် မဖော်ပြထားပါ)
ဒီအခါမှာ အနာပေါ် တုတ်ကျသလို ဖြစ်သွားတဲ့
ဗိုလ်ရန်အောင်ဟာ.... ဦးထွန်းလှအောင်ကို ဘက်နက် (လှံစွပ်) ဖြင့်
ကျားတက်ထိုးပြီး အဆုံးစီရင်ရန် အမိန့်ပေးခဲ့လိုက်ပါတယ်။
ဒါကြောင့် ဦးထွန်းလှအောင်ဟာ BIA တပ်သားတွေရဲ့ ဘက်နက်အောက်မှာ
ရခိုင်လူထုကို နိုင်ငံရေးတရားတွေ အားမန်အပြည့်နဲ့ ဟောနေရင်းနဲ့ပဲ ကျဆုံးသွားခဲ့ရပါတယ်။
ကွင်းပြင်ကျယ်ကြီးထဲမှာတော့ အားမတန်၍ မာန်လျော့ပြီး အံကြိတ်နေရတဲ့
ရခိုင်အမျိုးသားတွေ ၊ ခေါင်းမဖော်နိုင်အောင် တစ်ယောက်နဲ့ တစ်ယောက်
ဖက်ပြီး ငိုကြွေးနေကြတဲ့ ရခိုင်သမျိုးသမီးတွေ... ။
ဒီလုပ်ရပ်ကို လက်မခံနိုင်ကြတဲ့ BIA တပ်ထဲက
ရခိုင်လူမျိုး ရဲဘော်တွေဟာလည်း.... လက်နက် နဲ့ ယူနီဖောင်းတွေကို အပ်ပြီး
တပ်ကနေ ထွက်သွားကြတယ်လို့ဆိုပါတယ်...။
#ဗိုလ်ရန်အောင် #စစ်ရာဇဝတ်မှု #ရခိုင်စစ်မျက်နှာ #ရခိုင်_မွတ်ဆလင်_ပဋိပက္ခ #BIA
Ref: The Mog Nation Wiki


0 Comments