ဗမာနိုင်ငံရေးသမားတွေ ကရင်နီပြည်ကို ဘယ်လိုခိုးယူသွားခဲ့သလဲ
၁၈၇၈ ခုနှစ်မှာ ဗမာဘုရင် မင်းတုန်းမင်းနဲ့ ဗြိတိသျှ အဆင့်မြင့် သံတမန်
ဆာဒေါက်ဂလပ်စ် ဖော်ဆိုက် (Sir Douglas Forsyth) တို့ကြားမှာ
စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။
အဲဒါက ဘာစာချုပ်လည်းဆိုတော့ အနောက်ကရင်နီပြည်ကို
ဗမာဘုရင်ရော ဗြိတိသျှရော ပိုင်နက်နယ်မြေမသတ်မှတ်ပဲ သီးခြားလွတ်လပ်တဲ့ နယ်မြေအဖြစ် ထားရှိဖို့ သဘောတူခဲ့ကြတဲ့ စာချုပ်ပါ။
ဘာကြောင့် ဒီစာချုပ်ကို ချုပ်ရသလဲဆိုတော့
ဗြိတိသျှတွေအနေနဲ့ ကရင်နီပြည်ကို သိမ်းယူပြီး
ဗမာပြည်ကို ဝိုင်းဝန်းပိတ်ဆို့မှာကို မင်းတုန်းမင်းက စိုးရိမ်ခဲ့တာကြောင့်ပဲ
ဖြစ်ပါတယ်။
ယခင်က ဗမာဘုရင်တွေ အင်အားကြီးမားချိန် (ဥပမာ - ဘုရင့်နောင် ၊ အလောင်းဘုရား) တွေမှာ ကရင်နီစော်ဘွားတွေဟာ စစ်မဖြစ်လိုတာကြောင့်
ဗမာဘုရင်တွေကို လက်ဆောင်ဘဏ္ဍာဆက်သတာမျိုး ရှိခဲ့ဖူးပါတယ်။
ဒါကလည်း ဗမာဘုရင်တွေရဲ့ အုပ်ချုပ်ရေးယန္တရားအောက်ကို လုံးဝကျရောက်သွားတာမျိုးမဟုတ်ဘဲ အချင်းချင်းအသိအမှတ်ပြုတဲ့ သဘောသာ ဖြစ်ပါတယ်။
ယခုလို ကရင်နီပြည်ဟာ ဗမာဘုရင်လက်အောက်ခံ နယ်မြေလားဆိုတဲ့
အငြင်းပွားမှုကို
အဆုံးသတ်လိုက်တာကတော့ ၁၈၇၈ ခုနှစ်စာချုပ်ပဲ ဖြစ်ပါတယ်။ ဒီစာချုပ်အရ
ကရင်နီပြည်ရဲ့ လွတ်လပ်မှုကို ဗမာဘုရင် မင်းတုန်းမင်း
ကိုယ်တိုင် အသိအမှတ်ပြုသလို ဗြိတိသျှတွေကလည်း အသိအမှတ်ပြုခဲ့ပါတယ်။
ဒါကြောင့်လည်း
ကရင်နီခေါင်းဆောင်တွေဟာ ပင်လုံမှာ လက်မှတ်မထိုးခဲ့ကြတာပါ။
ဘာလို့လည်းဆိုတော့ သူတို့ဟာ ဘယ်သူ့လက်အောက်ခံမှ မဟုတ်တဲ့အတွက်
လွတ်လပ်ရေးတောင်းစရာမလိုလို့ပဲ ဖြစ်ပါတယ်။
သို့သော်လည်း
ဗမာနိုင်ငံရေးသမားတွေဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၊ ပုဒ်မ - ၁
မှာ ကရင်နီပြည်ကို ပြည်ထောင်စုရဲ့ အစိတ်အပိုင်းအဖြစ် ထည့်သွင်းလိုက်ပါတယ်။
ဒါကို မကျေနပ်တာကြောင့် ၁၉၄၈ ခုနှစ်နောက်ပိုင်း
ကရင်နီပြည်နယ်မှာ
သီးခြားလွတ်လပ်ရေးလှုပ်ရှားမှုတွေရှိလာတဲ့အခါ ဗမာအစိုးရက ရဲတပ်ရင်းတွေ
စေလွှတ်ပြီး နှိမ်နှင်းတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဥပမာ - ဗမာအစိုးရရဲ့ ရဲတပ်ရင်း (UMP) က လွိုင်ကော်မှာရှိတဲ့
ကန္တရဝတီစော်ဘွား စောဖျာငယ်ရဲ့ ဟော်နန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး
စောဖျာငယ်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အချို့သောမှတ်တမ်းတွေအရ
စောဖျာငယ်ကို လွိုင်ကော်မြို့အနီးမှာ ပစ်သ-တ်ပြီး ဖျောက်ဖျက်လိုက်ကြတယ်လို့ ဆိုပါတယ်။
တချိန်က ဗမာဘုရင်နဲ့ ဗြိတိသျှ ဘုရင်မကြီးကိုယ်တိုင်
တရားဝင်
အသိအမှတ်ပြုခဲ့တဲ့ လွတ်လပ်တဲ့နယ်မြေ ၊ ပင်လုံမှာ လက်မှတ်မထိုးခဲ့တဲ့
ကရင်နီပြည်ရဲ့ အချုပ်အခြာအာဏာဟာ ဗမာနိုင်ငံရေးသမားတွေရဲ့ တစ်ဖက်သတ် ဥပဒေနဲ့
ခိုးယူခံလိုက်ရသလို တစ်ဖက်မှာလည်း ဒီဥပဒေကို လက်မခံတဲ့ စော်ဘွားတွေဟာ
မတရားဖမ်းဆီးပြီး ဖျောက်ဖျက်ခံခဲ့ကြရပါတယ်...
Link>>>https://www.facebook.com/photo/?fbid=910049228761323&set=a.102266106206310


0 Comments