ကမ္ဘာ့အဆင့် (၉) ချိတ်သွားတဲ့ ထိုင်းနိုင်ငံရဲ့ ဂုဏ်ဆောင် "လိမ္မော်ရောင် လက်ဖက်ရည်အေး" (Cha-Yen)
ထိုင်းနိုင်ငံကို
ရောက်ရင် မသောက်မဖြစ် သောက်ကြတဲ့၊ ကျနော်တို့အားလုံးနဲ့ ရင်းနှီးပြီးသား
လိမ္မော်ရောင်တောက်တောက် ထိုင်းလက်ဖက်ရည်အေး (Cha-Yen) ဟာ အခုဆိုရင်
ကမ္ဘာ့အဆင့်အထိ နေရာယူလာနိုင်ခဲ့ပါပြီ။
ကမ္ဘာကျော်
အစားအသောက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ TasteAtlas ရဲ့ ဖော်ပြချက်အရ
"ကမ္ဘာ့အကောင်းဆုံး ယမကာမပါဝင်တဲ့ ဖျော်ရည်များ" (Best Non-Alcoholic
Beverages in the World) စာရင်းမှာ ထိုင်းလက်ဖက်ရည်အေးဟာ အဆင့် (၉) နေရာကို
ဆွတ်ခူးသွားခဲ့ပါတယ်။
ဘာကြောင့်
ဒီလောက် နာမည်ကြီးတာလဲဆို ဒီဖျော်ရည်ရဲ့ ထူးခြားတဲ့ ချိုမြိန်မှု၊ နို့အရသာ
ဆိမ့်ဆိမ့်လေးနဲ့ ကဖိန်းဓာတ် ပါဝင်မှုကြောင့် သောက်လိုက်တာနဲ့
တစ်နေ့တာလုံးကို လန်းဆန်းသွားစေလို့ လူကြိုက်များကြတာပါ။
အထူးသဖြင့် သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ လိမ္မော်ရောင်က မြင်လိုက်တာနဲ့တင် သောက်ချင်စိတ်ကို နှိုးဆွပေးနိုင်စွမ်း ရှိပါတယ်။
Line
Man Wongnai ရဲ့ Delivery Order စာရင်း အရ ၂၀၂၄ ခုနှစ်မှာတင်
ဒီလက်ဖက်ရည်ကို မှာယူမှုပေါင်း ၄ သိန်းကျော်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်မှာတော့
ထိုင်းလက်ဖက်ရည်သီးသန့်ဆိုင်တွေဟာ ၂၀၀ ရာခိုင်နှုန်းအထိ သိသိသာသာ
တိုးပွားလာတယ်လို့ ဆိုပါတယ်။
TasteAtlas ရဲ့ ကမ္ဘာ့အကောင်းဆုံး ဖျော်ရည် (၁၀) မျိုး
၁။ Lulada (ကိုလံဘီယာ)
၂။ Aguas Frescas (မက္ကဆီကို)
၃။ Mango Lassi (အိန္ဒိယ)
၄။ Masala Chai (အိန္ဒိယ)
၅။ Maghrebi Mint Tea (မဂ္ဂရက်ဘ်)
၆။ Meethi Lassi (အိန္ဒိယ)
၇။ Café Cubano (ကျူးဘား)
၈။ Espresso Freddo (ဂရိ)
၉။ Thai Iced Tea (ထိုင်း)
၁၀။ Hojicha (ဂျပန်)
#chiangmaidaily
#ချင်းမိုင်အစားအစာ
#ချင်းမိုင်နေ့စဉ်
Link >>> [ CHIANG MAI DAILY ]


0 Comments