ဗိုလ်ချုပ်အောင်ဆန်းသာ
၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ လုပ်ကြံမခံခဲ့ရဘူးဆိုရင်
မြန်မာနိုင်ငံရေး ရေစီးကြောင်းဟာ အခုမြင်တွေ့နေရတဲ့ပုံစံနဲ့
လုံးဝကွဲပြားသွားနိုင်ပါတယ်။
သူ့ရဲ့ လုပ်ဆောင်ချက်တွေ ၊ နိုင်ငံရေး အတွေးအခေါ်တွေနဲ့
အမျှော်အမြင် ရှိမှုတွေအပေါ် မြန်မာ့နိုင်ငံရေး ဘယ်လိုပြောင်းလဲသွားနိုင်လဲဆိုတာကို သုံးသပ်ကြည့်မှာပဲ ဖြစ်ပါတယ်..။
ပထမအချက်က တိုင်းရင်းသားအရေးနဲ့
ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပါ...။
ဗိုလ်ချုပ်အောင်ဆန်းဟာ
ထိုအချိန်က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့
ယုံကြည်မှုကို အပြည့်အဝရရှိထားတဲ့ တစ်ဦးတည်းသော
ဗမာခေါင်းဆောင်တစ်ယောက်ဖြစ်သလို ....
ပြည်မထဲက ဗမာလူထုနဲ့ နိုင်ငံရေးအပေါ် သြဇာညောင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါကြောင့် သူကိုယ်တိုင် ဦးစီးပြီးချုပ်ဆိုခဲ့တဲ့
ပင်လုံစာချုပ်ပါ ကတိကဝတ်တွေ ဥပမာ - "ကိုယ်ပိုင်ပြဌာန်းခွင့်" နဲ့
"တန်းတူညီမျှရေး" တို့ကို အသေအချာ အကောင်အထည် ဖော်ပါလိမ့်မယ်။
ဒုတိယအချက်က ဗမာပြည် ကွန်မြူနစ်အရေးပဲ ဖြစ်ပါတယ် ။
လွတ်လပ်ရေးယူတဲ့ပုံစံနဲ့ ပက်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့
ကွန်မြူနစ်တွေကြားမှာ သဘောထားကွဲလွဲတာတွေ ရှိပေမယ့်
ကွန်မြူနစ်တွေကို တောခိုမသွားအောင် ဒါမှမဟုတ်
တရားဝင် နိုင်ငံရေးပါတီအဖြစ်နဲ့ လွှတ်တော်အတွင်း နိုင်ငံရေးထဲမှာ
ရှိနေအောင် ဗိုလ်ချုပ်အောင်ဆန်းဟာ ထိန်းထားနိုင်ပါလိမ့်မယ်...။
ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က
ဗမာပြည် ကွန်မြူနစ်ပါတီကို ပထမဆုံး တည်ထောင်သူတွေထဲက
တစ်ယောက်ဖြစ်သလို.... ပါတီရဲ့ ပထမဆုံး အထွေထွေအတွင်းရေးမှူး
ဖြစ်ခဲ့တာကြောင့် ကွန်မြူနစ်ခေါင်းဆောင်တွေအပေါ် ပုဂ္ဂိုလ်ရေးအရရော ၊ နိုင်ငံရေးအရပါ သြဇာညောင်းပါတယ်..။
ပြီးတော့ နောက်ပိုင်း ပါတီခေါင်းဆောင်ဖြစ်တဲ့
သခင်သန်းထွန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့
မယားညီအကို တော်စပ်ပါသေးတယ်...။
(
ဗိုလ်ချုပ်အောင်ဆန်းဟာ သခင်သန်းထွန်းအပေါ် အလွန်နိုင်သူ တစ်ယောက်လို့
ဆိုပါတယ် ။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ သခင်သန်းထွန်းက
ကွန်မြူနစ်စာအုပ်ကြီးအတိုင်း ထပြီး ဆွေးနွေးရင်... ဗိုလ်ချုပ်အောင်ဆန်းက
ပွင့်ပွင့်လင်းလင်း ငေါက်ငမ်းလေ့ရှိပါသတဲ့ ။ အဲဒီလို အခါတွေမှာ
သခင်သန်းထွန်းဟာ ဘာမှပြန်မပြောဘဲ ငြိမ်နေလေ့ရှိတယ်လို့
သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြကြပါတယ်...)
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေခဲ့ရင်
ကွန်မြူနစ်တွေကို တောမခိုအောင် ထိန်းကျောင်းနိုင်ပြီး
ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံက ကွန်မြူနစ်ပါတီကြီးတွေလို
အတိုက်အခံပါတီကြီးတွေအဖြစ် ရွေးကောက်ပွဲဝင်ကာ
လွှတ်တော်နိုင်ငံရေးထဲမှာပဲ ရှိနေနိုင်ပါတယ်..။
တတိယအချက်က "ကရင်အရေး" ပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မူဝါဒဟာ
လူမျိုးစုအလိုက် တန်းတူညီမျှရေးဖြစ်တဲ့အတွက်
ကရင်ပြည်နယ်ပေါ်ပေါက်ရေးကို လျစ်လျူရှုမှာမဟုတ်ဘဲ
ကရင်ခေါင်းဆောင်တွေတောင်းဆိုတဲ့ နယ်နိမိတ်ပြသာနာတွေကို
စားပွဲဝိုင်း ဆွေးနွေးပွဲတွေ နဲ့ လူထုဆန္ဒခံယူပွဲတွေ ကျင်းပပြီး
ဒီမိုကရေစီနည်းကျ ဖြေရှင်းပေးသွားနိုင်ပါတယ်..။
နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးတို့ဟာ
အလွန်ရင်းနှီးကြတဲ့ သူတွေပါ။
နောက်တစ်ချက်က ဗိုလ်ချုပ်အောင်ဆန်းဟာ
လက်နက်ကိုင်တပ်တွေအပေါ် သြဇာသက်ရောက်မှုကြီးသလို
စစ်သားတိုင်းကလည်း သူ့အပေါ် ချစ်ကြောက်ရိုသေကြပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်မရှိတော့တဲ့ နောက်ပိုင်းမှာဖြစ်ပွားတဲ့
ခရစ်စမတ် အကြိုည ပစ်ခတ်မှုကိုကြည့်မယ်ဆိုရင်
ဝန်ကြီးချုပ် ဦးနု ဟာ ဗမာအစွန်းရောက် စစ်ရဲ တပ်ဖွဲ့တွေကို
ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့တာကို ဖော်ပြနေပါတယ်...။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းသာ ရှိခဲ့မယ်ဆိုရင်
ပြည်တွင်းစစ်မီးဟာ ယနေ့လောက်အထိ ပြင်းပြင်းထန်ထန်
လောင်ကျွမ်းခဲ့မှာ မဟုတ်ပါဘူး...။
စတုထ္ထအချက်ကတော့ ဒီမိုကရေစီ အခြေခံအုတ်မြစ် နဲ့
စစ်တပ်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်...။
ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ကို တည်ထောင်သူဖြစ်ပေမဲ့
"စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံသာဖြစ်ရမယ် ၊ သခင်မဖြစ်ရဘူး" ဆိုတဲ့
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး မူဝါဒကို
ပြတ်ပြတ်သားသား ကိုင်စွဲထားခဲ့သူပါ...။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေခဲ့ရင်
စစ်တပ်ဟာ နိုင်ငံရေးထဲကို ဝင်ရောက်စွက်ဖက်ဖို့ ဒါမှမဟုတ်
အာဏာသိမ်းဖို့ဆိုတာဟာ မဖြစ်နိုင်သလောက်ကို နည်းပါတယ်...။
ဥပမာ - ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းမှုမျိုး
သမိုင်းမှာ
ရှိလာမှာမဟုတ်ဘဲ ... စစ်တပ်ဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အမျိုးသား
ကာကွယ်ရေးတပ်မတော်အဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်သွားနိုင်ပါတယ်...။
(
ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေခဲ့ရင် အာဏာရှင်ဖြစ်လာမယ့် ဗိုလ်နေဝင်းဟာလည်း
သူ့ရဲ့ လူမှုရေး အရှုပ်အရှင်းပြသာနာတွေကြောင့် .... သေချာပေါက်
အရေးယူခံရနိုင်ပါတယ်)
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းသာ လုပ်ကြံမခံခဲ့ရရင်
တိုင်းပြည်ကို ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရကပဲ အုပ်ချုပ်တဲ့
ဒီမိုကရေစီ ယဥ်ကျေးမှုနဲ့ ... ဖယ်ဒရယ် အင်စတီကျူးရှင်းတွေဟာ
အာရှမှာ သက်တမ်းအရင့်ဆုံးနဲ့ အခိုင်မာဆုံးတောင် ဖြစ်နေနိုင်ပါတယ်...။
နောက်ဆုံးအချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားခြင်းဟာ
ဗမာ လူမျိုးစုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို
အခြားသော လူမျိုးစုတွေ အတွက်လည်း (ပင်လုံစာချုပ်လို ကတိကဝတ်တွေ ၊
ဆွေးနွေးလက်စ ကရင်အရေးကိစ္စတွေ ) နစ်နာမှုကြီးတစ်ခုပါ.... ။
မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ


0 Comments