တရုတ်အေးဂျင့် အိုင်ရင်းဝမ် (Eileen Wang) ကို ဒီမိုကရက်တစ်
လွှတ်တော်အမတ် ဂျူဒီချူး (Judy Chu) က တစ်နှစ်တာအကောင်းဆုံး
အမျိုးသမီးဆု ပေးအပ်ပြီး ဂုဏ်ပြုခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံအတွက် တရားမဝင် အေးဂျင့်အဖြစ် လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံပြီး ဒီအပတ်ထဲမှာ ရာထူးက နုတ်ထွက်သွားတဲ့ ကယ်လီဖိုးနီးယား မြို့တော်ဝန်ဟောင်း ဒီမိုကရက်တစ် အိုင်ရင်းဝမ်ဟာ တစ်ချိန်က လွှတ်တော်အမတ် ဂျူဒီချူးရဲ့ တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးအဖြစ် ဂုဏ်ပြုခံခဲ့ရသူ ဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း လွှတ်တော်အမတ် ဂျူဒီချူးဟာ ဆန်ဂေဘရီရယ်တောင်ကြား (San Gabriel Valley) ဒေသမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းအတွက် ဝန်ဆောင်မှုပေးတာ၊ ဦးဆောင်မှုပေးတာ စတဲ့ နယ်ပယ်တွေမှာ ထူးချွန်တဲ့ ဒေသခံအမျိုးသမီးတွေကို ရွေးချယ်ပြီး လွှတ်တော်ရဲ့ တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးဆုကို ပေးအပ်လေ့ရှိပါတယ်။
ဂျူဒီချူးက အိုင်ရင်းဝမ်ရဲ့ ပြတ်သားတဲ့ အသံ၊ ဦးဆောင်နိုင်မှုနဲ့ မိမိလူမှုပတ်ဝန်းကျင်အပေါ် စေတနာထား လုပ်ဆောင်မှုတွေကို အထင်ကြီး လေးစားမိကြောင်း ပြောကြားခဲ့ပါတယ်။ ဆုရရှိသူ တစ်ဦးချင်းစီကို အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ အမည်စာရင်း တင်သွင်းမှုကနေတစ်ဆင့် အသေးစိတ် စိစစ်ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ အိုင်ရင်းဝမ်ဟာ ဆုရရှိသူ ၁၀ ဦးထဲမှာ တစ်ဦးအပါအဝင် ဖြစ်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ လက်ခံယူနေစဉ်မှာ ဂျူဒီချူးနဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ ဆုရွေးချယ်ရေး အဆင့်ဆင့်ကို အသေးစိတ် စိစစ်ခဲ့တယ်ဆိုပေမဲ့ အိုင်ရင်းဝမ်ဟာ တရုတ်နိုင်ငံရဲ့ တရားမဝင် နိုင်ငံခြားအေးဂျင့်အဖြစ် လုပ်ဆောင်နေတဲ့ သူမရဲ့ ကိုယ်ရေးရာဇဝင်အမှန်ကို ဖုံးကွယ်ထားနိုင်ခဲ့ပုံ ရပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ ၂၈ ခုမြောက် ခရိုင်မှာ ပြန်လည်အရွေးခံဖို့ ပြင်ဆင်နေတဲ့ ဂျူဒီချူးဟာ သူမရဲ့ ထောက်ခံမှုပေးထားတဲ့ စာမျက်နှာကနေ အိုင်ရင်းဝမ်ရဲ့ အမည်ကို အခုအခါမှာ ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကယ်လီဖိုးနီးယားပို့စ် (California Post) သတင်းစာက ဂျူဒီချူးရဲ့ ရုံးခန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အိုင်ရင်းဝမ်ဟာ ကယ်လီဖိုးနီးယား ရှေ့နေချုပ် ရော့ဘန်တာ (Rob Bonta) အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေနဲ့ မကြာခဏ ထိတွေ့ဆက်ဆံလေ့ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နိုင်ငံရေးပွဲတစ်ခုမှာ သူမဟာ ရော့ဘန်တာနဲ့အတူ ဓာတ်ပုံရိုက်ခဲ့သလို ဆီနိတ်တာ အဲလက်စ်ပါဒီလာ (Alex Padilla) နဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့တာတွေ ရှိပါတယ်။
အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်ရင်းဝမ်ဟာ သူမရဲ့ စေ့စပ်ထားသူ ယောင်နင်းမိုက်ဆန်း (Yaoning “Mike” Sun) နဲ့အတူ ယူအက်စ်နယူးစင်တာ (U.S. News Center) လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်တစ်ခုကို လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီဝက်ဘ်ဆိုက်ဟာ အမေရိကန်ရောက် တရုတ်နွယ်ဖွားတွေအတွက် သတင်းရင်းမြစ်တစ်ခုလို့ အယောင်ဆောင်ထားပေမဲ့ လက်တွေ့မှာတော့ သူတို့နှစ်ဦးဟာ ဘေဂျင်းအစိုးရရဲ့ ခိုင်းစေချက်တွေကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
အိုင်ရင်းဝမ်ဟာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်မြေပေါ်မှာ သတင်းတုဝက်ဘ်ဆိုက်တစ်ခုနဲ့ ဝါဒဖြန့်လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေနဲ့ သဘောတူညီမှု ရယူပြီးနောက်မှာ အာကေးဒီးယား (Arcadia) မြို့တော်ဝန် ရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
Benjamin Brown ကရေးသားပြီး၊ ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့မှာ ထုတ်ဝေတဲ့ New York Post ရဲ့ သတင်းဖြစ်ပါတယ်။
Sean Koro
![]() |
၂၀၂၄ ခုနှစ်တွင် အိုင်ရင်းဝမ်သည် ဆုရရှိသူ ၁၀ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံယူစဉ်အတွင်း ဂျူဒီချူးနှင့်အတူ ဓာတ်ပုံတွဲရိုက်ခဲ့သည်။
|
![]() |
![]() |
![]() |
တရုတ်အေးဂျင့် အိုင်ရင်းဝမ် (Eileen Wang) ကို ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျူဒီချူး (Judy Chu) က တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးဆု ပေးအပ်ပြီး ဂုဏ်ပြုခဲ့ဖူးပါတယ်။ မူရင်းပို့စ်အတွက် ဤနေရာကိုနှိပ်ပါ။
|






0 Comments