About Me

header ads

ဘာသာရူး ၊ဗေဒင်ရူးတွေနဲ့ စခဲ့ရတဲ့ တိုင်းပြည်


 

 "ဘာသာရူး ၊ဗေဒင်ရူးတွေနဲ့ စခဲ့ရတဲ့ တိုင်းပြည်"

ဗိုလ်ချုပ်နေဝင်းဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ
အာဏာရှင်တစ်ဦးဖြစ်ရုံသာမက ဗေဒင်၊ ယတြာနဲ့ ပက်သက်ပြီး
အလွန်အမင်း ယုံကြည်သူတစ်ယောက်လည်း
ဖြစ်ပါတယ် ။

သူ့ရဲ့ ဗေဒင် ၊ ယတြာ အပေါ်အခြေခံတဲ့ ဆုံးဖြတ်ချက်တွေဟာ
တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူမှုရေးအပေါ် အကြီးအကျယ်
သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

ဥပမာ - ဗိုလ်ချုပ်နေဝင်းဟာ ဗေဒင်ယတြာနဲ့ ပက်သက်ပြီး
၉ ဂဏန်းကို အလွန်ကြိုက်နှစ်သက်သူလို့ ဆိုပါတယ်။
ဒါကြောင့် သူ့ရဲ့ မွေးနံနဲ့ ကိုက်ညီတဲ့ "၉ ဂဏန်း" ကို ကံကောင်းစေတယ်လို့
ယုံကြည်ပြီး ၁၉၈၇ ခုနှစ်မှာ သုံးစွဲနေတဲ့ "၂၅ ကျပ်တန် ၊ ၃၅ ကျပ်တန် ၊
၇၅ ကျပ်တန်" တွေကို ရုတ်တရက် ဖျက်သိမ်းလိုက်ပြီး
" ၄၅ ကျပ်တန် နဲ့ ၉၀ ကျပ်တန်" (၄ + ၅ = ၉) တွေကို ထုတ်ဝေခဲ့ပါတယ်။

ပိုဆိုးတာကတော့ ပြည်သူတွေလက်ထဲမှာ ရှိနေတဲ့
ဖျက်သိမ်းခံငွေစက္ကူတွေကို ပြန်လှဲလယ်ပေးတာမျိုး မရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလုပ်ရပ်ကြောင့် ပြည်သူတွေမှာ အနှစ်နှစ်အလလ ကြိုးစား စုဆောင်းထားခဲ့တဲ့ ငွေစက္ကူတွေဟာ တန်ဖိုးမရှိဖြစ်ကုန်ပြီး ....နေ့ချင်းညချင်း ဆင်းရဲသွားခဲ့ကြရပါတယ်။

တနည်းအားဖြင့်ပြောရမယ်ဆိုရင် ဗိုလ်ချုပ်နေဝင်းရဲ့ ငွေစက္ကူဖျက်သိမ်းမှုဟာ နိုင်ငံသားတစ်ဦးချင်းအဆင့် ငွေကြေးပိုင်ဆိုင်မှုကို ပျက်စီးသွားစေသလို ၊
ယခုလို ငွေကြေးကမောက်ကမ ဖြစ်စဥ်ကြောင့် စျေးကွက်စနစ်လည်း လုံးဝ
ပြိုလဲလုနီးပါးဖြစ်သွားခဲ့ပါတယ်။

ပြီးတော့.... ၁၉၆၃ ခုနှစ်မှာ နိုင်ငံခြားပိုင်လုပ်ငန်းတွေကို
ပြည်သူပိုင်သိမ်းယူပြီးကတည်းက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)
မရှိတော့သလောက် ဖြစ်သွားတဲ့.... မြန်မာ့စီးပွားရေးနယ်ပယ်ကို
ယခုလို ငွေကြေးမတည်ငြိမ်မှုတွေက FDI တွေ မဝင်နိုင်အောင် နောက်ဆုံးပိတ်လိုက်တဲ့ တံခါးတစ်ချပ် ဖြစ်စေခဲ့ပါတယ်။

နောက်ထပ် ဗိုလ်ချုပ်နေဝင်းရဲ့ ယတြာအစီအမံတစ်ခုကတော့
မြန်မာနိုင်ငံရဲ့ ကားမောင်းတဲ့စနစ်ကို "ဘယ်မောင်းကနေ ညာမောင်း" အဖြစ်
၁၉၇၀ ခုနှစ်မှာ ရုတ်တရက် ပြောင်းလဲခဲ့မှုပဲ ဖြစ်ပါတယ်။

ဒါဟာ နည်းပညာအရ ပြောင်းလဲတာမျိုးထက်
"လက်ဝဲယိမ်းနေတဲ့ အန္တရာယ်ကင်းအောင် လက်ယာဘက်ကို ပြောင်းရမယ်" ဆိုတဲ့ နက္ခတ်ဗေဒင်ဆရာတွေရဲ့ အကြံပေးချက် (ယတြာ) ကြောင့်လို့ အများက ယူဆကြပါတယ်။

နောက်ပြီး ဗိုလ်ချုပ်နေဝင်းဟာ သူ့ရဲ့ အာဏာတည်မြဲဖို့အတွက် ထူးဆန်းတဲ့ ယတြာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဥပမာ- သူ့ကို လုပ်ကြံမယ့်သူတွေရဲ့ အစီအမံ ပျက်ပြားအောင်
မှန်ထဲက မိမိအရိပ်ကို မိမိ သေနတ်နဲ့ ပြန်ပစ်တဲ့ ယတြာမျိုး ၊
အတိတ်က ကံကြမ္မာဆိုးတွေ လိုက်မလာနိုင်အောင်
မြင်းကို နောက်ပြန်စီးတဲ့ ယတြာမျိုး စတဲ့ ကြောင်တောင်တောင် ယတြာတွေကို လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

သူ့ရဲ့ အယူသည်းမှုတွေဟာ ကိုယ်ရေးကိုယ်တာ ကိစ္စထက်ကို
ကျော်လွန်ပြီး.... နိုင်ငံရဲ့ မူဝါဒချမှတ်မှုတွေအထိ သက်ရောက်ခဲ့တာဟာ
နိုင်ငံရဲ့ စီးပွားရေး ၊ လူမှုရေး ချွတ်ခြုံကြခဲ့ရခြင်းရဲ့ တစိတ်တပိုင်းလည်း
ဖြစ်ပါတယ်။

#နေဝင်း #အာဏာရှင် #ဗေဒင်

Link>>>https://www.facebook.com/photo?fbid=913850825047830&set=a.102266106206310 

Post a Comment

0 Comments