ဗြိတိသျှတွေက ဘာကြောင့် တောင်တန်းဒေသကို ချန်လှပ်ထားဖို့
စိတ်ကူးခဲ့တာလဲ ...
ဒါရဲ့ ဖြစ်နိုင်ခြေက အချက် (၃) ချက်ရှိပါတယ်... ။
ပထမဆုံးအချက်က ဗမာအမျိုးသားရေးကို မယုံကြည်ခြင်းပါ..။
ဗြိတိသျှအမြင်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့
ဗမာအမျိုးသားရေးလှုပ်ရှားမှုဟာ... “ဗမာအမျိုးသား အရေးမျှသာ” လို့
ရှုမြင်ကြပါတယ်...။
ဒုတိယအချက်က ကချင် ၊ ကရင် ၊ ချင်း ၊ ရှမ်း တို့ကို
“ဗမာအုပ်ချုပ်မှုအောက် ထည့်လိုက်ရင် အန္တရာယ်ရှိမလား” ဆိုပြီး
စိုးရိမ်ခဲ့ပါတယ်...။
အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းမှာ
ဗမာ့လွတ်လပ်ရေး တပ်မတော်က ဂျပန်နဲ့ပူးပေါင်းခဲ့ချိန်မှာ
တောင်တန်းဒေသ တိုင်းရင်းသားအများစုကတော့...
ဗြိတိသျှဘက်က ကူတိုက်ခဲ့တာကြောင့် အပြန်အလှန် မယုံကြည်မှုတွေ
ရှိနေခဲ့တာကိုလည်း ဗြိတိသျှတွေဘက်က တွေးကောင်း တွေးခဲ့နိုင်ပါတယ်။
တတိယအချက်ကတော့
မဟာဗျူဟာမြောက် ကြာခံဇုန်အဖြစ် ထားချင်တာကြောင့်ပဲ ဖြစ်ပါတယ်။
တောင်တန်းဒေသဟာ တရုတ် ၊ အိန္ဒိယ ၊ ထိုင်း တို့နဲ့ ထိစပ်နေတဲ့
နယ်စပ်ဒေသတွေပဲ ဖြစ်ပါတယ်။
ဗြိတိသျှ အတွက်တော့ ဒီဒေသတွေဟာ
စစ်ရေးအရ မဟာဗျူဟာမြောက် အရေးပါမှုဖြစ်တာကြောင့်
အလွန်အရေးကြီးပါတယ်...။
ဒါကြောင့် လုံးဝ လက်လွှတ်လိုက်တာထက်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဒေသတစ်ခုလိုမျိုး ထားချင်တဲ့
စိတ်ကူးရှိခဲ့နိုင်ပါတယ်...။
နောက်ဆုံးကတော့ တိုင်းရင်းသားခေါင်းဆောင်တချို့ကိုယ်တိုင်
ပြည်မနဲ့ ခွဲမလား / တွဲမလားဆိုတာ တွေဝေနေသေးတာလည်း
အရေးပါတဲ့ အချက်တစ်ခုပါ...။
ဥပမာ - ရှမ်းစော်ဘွားတချို့ ၊ ကချင်ခေါင်းဆောင်တချို့ နဲ့
ကရင်အဖွဲ့အစည်းတချို့ဟာ ဗြိတိသျှနဲ့ ဆက်ဆံရေး ပိုကောင်းခဲ့ကြပါတယ်။
ဒါကြောင့် ဗြိတိသျှအစိုးရက ဗိုလ်ချုပ်အောင်ဆန်းကို
တောင်တန်းဒေသက လူထုဆန္ဒကိုလည်း စဥ်းစားဖို့ ပြောခဲ့တာပါ။
အဲဒီကနေပဲ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး
တောင်တန်းဒေသ တိုင်းရင်းခေါင်းဆောင်တွေနဲ့
ပင်လုံစာချုပ်ကို ချုပ်ဆိုဖြစ်ခဲ့ကြတာပါ။
ဒီလိုနဲ့ ချင်း ၊ ကချင် ၊ ရှမ်း တို့ဟာ
ပြည်မနဲ့အတူ ပေါင်းဖြစ်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်...။
မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ


0 Comments