ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် အံ့ဩသွားခဲ့ရတဲ့ မြန်မာနိုင်ငံသားပိုင် ဘတ် သန်း ၅၀ တန် ဂိုဒေါင် ![]()
ရနောင်းခရိုင်မှာ
ဖြစ်သွားတဲ့ သတင်းကြီးတစ်ခုပါ။ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ဖူးခက်ကို
ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် (Anutin Charnvirakul) ဟာ သူ့ရဲ့
ခရီးစဉ်ကို ဖျက်ပြီး မြန်မာနိုင်ငံသားတစ်ဦး ပိုင်ဆိုင်တယ်လို့ သိရတဲ့
တရားမဝင် ဂိုဒေါင်တစ်ခုကို ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
ဒီဂိုဒေါင်ထဲမှာ ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိတဲ့ မှောင်ခိုလျှပ်စစ်ပစ္စည်းတွေ အပြည့် သိုလှောင်ထားတာကို တွေ့ခဲ့ရပါတယ်။
ဝန်ကြီးချုပ်ဟာ
နေ့လယ် ၃:၃၀ အချိန်မှာ မောင်း (Muang) မြို့နယ်၊ ဘန်ရင် (Bang Rin)
အုပ်စု၊ အဝေးပြေးလမ်းမ ၄၀၈၀ ပေါ်က မှတ်ပုံမတင်ထားတဲ့ 168 Transport
Logistics Co ရဲ့ ဂိုဒေါင်ကို သွားရောက်ခဲ့တာပါ။
အစိုးရအဖွဲ့ကတော့ ဒီတွေ့ရှိမှုကို "လုံခြုံရေး ခြိမ်းခြောက်မှုပုံစံသစ်" လို့တောင် သုံးနှုန်းထားပါတယ်။
ဂိုဒေါင်ထဲမှာ စက်ရုံတွေနဲ့ ဟိုတယ်တွေအတွက် သုံးတဲ့ မီးစက်တွေ၊ ရေခဲမုန့်လုပ်တဲ့စက်တွေနဲ့ ရေခဲသေတ္တာတွေ အများကြီးကို တွေ့ခဲ့ရပါတယ်။
အဲယားကွန်း အလုံး ၂၀၀၀ လောက်နဲ့ ရေစုပ်စက်တွေ၊ လေကွန်ပရက်ဆာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီပစ္စည်းတွေဟာ
မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက
သတင်းထုတ်ပြန်ထားပြီး ထိုင်းရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဆက်လက်စစ်ဆေးဖို့
သိမ်းဆည်းထားလိုက်ပါတယ်။
ရက် ၃၀ စည်းမျဉ်းကို ချိုးဖောက်ခြင်း ဉပဒေဆိုတာ ထိုင်းနိုင်ငံမှာ ရှိပါတယ်။
"ဒီပစ္စည်းတွေကို
ရနောင်း အကောက်ခွန်အရာရှိတွေက မှောင်ခိုပစ္စည်းတွေလို့ ယူဆထားပြီး ကျနော်
ကိုယ်တိုင်လည်း ဒါတွေကို မြင်ရတော့ တော်တော်လေးကို အံ့ဩသွားခဲ့ရတယ်" လို့
ဝန်ကြီးချုပ်က ပြောပါတယ်။
"ဒီပစ္စည်းတွေကို ကြားခံဖြတ်သန်းခွင့် (Transit cargo) အနေနဲ့ ကြေညာထားတာဖြစ်ပြီး ရက် ၃၀ အတွင်း ထိုင်းနိုင်ငံထဲကနေ ထွက်သွားရမှာပါ။
ဒါပေမယ့် အခုကြည့်ရတာ ရက် ၃၀ ကန့်သတ်ချက်ကို ကျော်လွန်နေပုံရတယ်" လို့ သူက ဆက်ပြောပါတယ်။
သက်ဆိုင်ရာ
ပိုင်ရှင်တွေအနေနဲ့ ဒီပစ္စည်းတွေ တရားဝင်ဖြစ်ကြောင်း အကောက်ခွန်
စာရွက်စာတမ်းတွေ လာပြတာကို စောင့်ဆိုင်းသွားမှာဖြစ်ပြီး၊ ရက် ၃၀ အတွင်း
ထိုင်းနိုင်ငံထဲက မထွက်သွားတဲ့ Transit ပစ္စည်းတွေကိုတော့
ထိုင်းနိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။
အံ့ဩစရာကောင်းတာက
ဝင်ရောက်စီးနင်းနေချိန်မှာ အမည်မသိ ဖုန်းတခေါ် ဝင်လာခဲ့ပြီး
ရဲအရာရှိကြီးတွေကို သိတဲ့အတွက် ဂိုဒေါင်ထဲကနေ ချက်ချင်းထွက်သွားဖို့
ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာဘက်ခြမ်းကနေလည်း ဖုန်းဆက်လာတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်
ဝန်ကြီးချုပ်က "တာဝန်ရှိသူတွေက ဘယ်သူ့စကားကိုမှ နားမယောင်ဘဲ
ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တဲ့အတွက် ကျနော် ချီးကျူးပါတယ်။ အခုဆိုရင်
ရနောင်းအုပ်ချုပ်ရေးမှူး၊ တိုင်း ၈ ရဲတပ်ဖွဲ့မှူးနဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့
ကျနော်ကိုယ်တိုင် ဒီနေရာကို ရောက်နေပါပြီ" လို့ ပြတ်ပြတ်သားသား
ပြောကြားသွားခဲ့ပါတယ်။
#chaingmaidaily
#ချင်းမိုင်နေ့စဉ်
#RanongNews
#ထိုင်းသတင်း
#နယ်စပ်သတင်း


0 Comments