“ယူကရိန်းနဲ့ ရုရှားတို့ ၃ ရက်ကြာ ယာယီ အပစ်ရပ်ကြမည်”
အမေရိကန်ပြည်ထောင်စုရဲ့
ကြားဝင် စေ့စပ်ပေးမှုကြောင့် ရုရှားနဲ့ ယူကရိန်းတို့ဟာ (၃) ရက်ကြာ ယာယီ
အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရမ့်က Truth
Social လူမှုကွန်ယက်ကတဆင့် မေလ ၈ ရက်၊ သောကြာနေ့မှာ ကြေညာပါတယ်။
အပစ်အခတ်ရပ်စဲမှုကို မနက်ဖြန် မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းက
နာဇီ ဂျာမနီတွေကို ၁၉၄၅ ခုနှစ်မှာ စစ်နိုင်လိုက်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့
ရုရှားတို့က စစ်အောင်ပွဲနေ့-Victory Day အဖြစ်နဲ့ အပစ်အခတ်ရပ်စဲကြဖို့
သဘောတူညီမှု ရလိုက်တာ ဖြစ်ပါတယ်။
Victory Day ဟာ ရုရှားနိုင်ငံမှာ အရေးအကြီးဆုံး နိုင်ငံတော်အားလပ်ရက်ဖြစ်ပါတယ်။
ဒီ
အပစ်ရပ်ရေးသဘောတူညီမှုပါတဲ့ အဓိက အချက် (၃) ချက်ကတော့ - ထပမ အချက်အနေနဲ့
အပစ်ရပ်ထားတဲ့ကာလအတွင်း နှစ်ဘက်စလုံးက တိုက်ခိုက်မှုတွေနဲ့
စစ်ရေးလှုပ်ရှားမှုတွေအားလုံးကို လုံးဝ ရပ်ဆိုင်းထားရမှာ ဖြစ်ပါတယ်။
ဒုတိယ အချက်ကတော့ - နှစ်ဘက်စလုံးက ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁,၀၀၀ စီကို အပြန်အလှန်လဲ လှယ်ကြမှာ ဖြစ်ပါတယ်။
တတိယအချက်ကတော့
- ရုရှားရဲ့ စစ်အောင်ပွဲနေ့ ကျင်းပနေစဉ်အတွင်း မော်စကိုမြို့ရဲ့ ရင်ပြင်နီ
(Red Square) ကို ယူကရိန်းက ပစ်မှတ်ထား တိုက်ခိုက်မှာမဟုတ်ကြောင်း
ယူကရိန်းသမ္မတ ဇယ်လင်းစကီးက အထူးအမိန့် ထုတ်ပြန်ပြီး အာမခံထားတာတို့
ဖြစ်ပါတယ်။
အခုလို ယာယီ
ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းခြင်းကနေ စစ်ပွဲတွေ ပြီးဆုံးဖို့အတွက်
အစပျိုးမှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတက ပြောကြားထားပါတယ်။
ဒါပေမယ့်လည်း စစ်ပွဲတွေ အဆုံးသတ်ရေးအတွက် ဆွေးနွေးမှုတွေဟာ လပေါင်း
အတော်ကြာတဲ့အထိ ရပ်တန့်နေခဲ့တာ
ဖြစ်ပါတယ်။
Link >>> [ https://www.facebook.com/photo/?fbid=26731704889774110&set=a.633619210009368 ]


0 Comments