မင်နီဆိုတား
ပြည်နယ် ဒီမိုကရက်တစ်ပါတီဝင်တွေဟာ ဒေါ်လာ ၂၅၀ မီလီယံတန်ဖိုးရှိတဲ့ Feeding
Our Future လိမ်လည်မှု အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတဲ့
လွှတ်တော်အမတ် အီလ်ဟန် အိုမာ (Ilhan Omar) ကို ဆင့်ခေါ်စစ်ဆေးဖို့
တောင်းဆိုချက်ကို ကန့်ကွက်ပယ်ချလိုက်ကြပါတယ်။
မင်နီဆိုတား
ပြည်နယ် လွှတ်တော်ရဲ့ လိမ်လည်မှု တားဆီးကာကွယ်ရေးနဲ့ အစိုးရဌာနများ
ကြီးကြပ်ရေး ကော်မတီကနေ အိုမာနဲ့ ပြစ်မှုကျူးလွန်သူတွေကြား
ဆက်သွယ်ပြောဆိုထားတဲ့ စာရွက်စာတမ်း အထောက်အထားတွေကို တင်ပြခိုင်းဖို့
ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မဲခွဲဆုံးဖြတ်ရာမှာ ဒီမိုကရက်တစ်
အမတ်အားလုံးက ကန့်ကွက်ပြီး ရီပတ်ဘလစ်ကန် အမတ်အားလုံးက ထောက်ခံခဲ့ကြတဲ့အတွက်
ငါးမဲ သုံးမဲနဲ့ ဆင့်ခေါ်စစ်ဆေးဖို့ တောင်းဆိုချက်က
ရှုံးနိမ့်သွားခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်
ပြည်နယ်အမတ် အိုက်ဇက် ရှိုးလ်ဇ် (Isaac Schultz) က အမှန်တရား
ပေါ်ပေါက်ဖို့အတွက် ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးဖို့
လိုအပ်ကြောင်းနဲ့ ဖုံးကွယ်ထားတာ မရှိရင် ဆင့်ခေါ်မှုကို
ကြောက်စရာမလိုကြောင်း တောင်းဆိုခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရက်တစ်
ပြည်နယ်အမတ် ဒေးဗစ် ပင်တို (Dave Pinto) ကတော့ အခုဆင့်ခေါ်မှုဟာ
လိမ်လည်မှုကို အရေးယူဖို့ထက် နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ပဲ ဖြစ်နေတယ်လို့
ပြောဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။
အိုမာဟာ
၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ကူညီထောက်ပံ့ရေး ရန်ပုံငွေတွေကို
စည်းမျဉ်းဖြေလျှော့ပေးတဲ့ ဥပဒေကြမ်းကို အားပေးကူညီခဲ့သူ ဖြစ်ပါတယ်။
အဲ့ဒီဥပဒေကြောင့် အမှန်တကယ် မကျွေးမွေးဘဲ အစားအသောက်ဖိုးဆိုပြီး
အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေး ဒေါ်လာ ၂၅၀ မီလီယံကို လိမ်လည်ထုတ်ယူခွင့်
ရသွားစေခဲ့တယ်လို့ ရီပတ်ဘလစ်ကန်တွေက စွပ်စွဲနေကြပါတယ်။
အဓိက
ပြစ်မှုကျူးလွန်သူအဖြစ် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အေမီ ဘော့ခ် (Aimee Bock)
နဲ့ အိုမာတို့အကြားမှာ အရင်က ဆက်သွယ်မှု မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပေမဲ့
အခုအခါမှာတော့ သူတို့အချင်းချင်း အကြိမ်ကြိမ် ဆက်သွယ်ထားတဲ့ အထောက်အထားတွေ
ပေါ်ထွက်လာခဲ့ပါတယ်။ မင်နီဆိုတား ဒီမိုကရက်တစ်တွေက အခုလို
တားဆီးလိုက်တဲ့အတွက် ဒီအရှုပ်တော်ပုံကို ဖော်ထုတ်ဖို့ ဖက်ဒရယ်အစိုးရရဲ့
ဆင့်ခေါ်စစ်ဆေးမှု တစ်ခုတည်းကိုသာ မျှော်လင့်စရာအဖြစ် ကျန်နေပါတော့တယ်။
Sean Koro


0 Comments