About Me

header ads

အိုစမာ ဘင်လာဒင်

လွန်ခဲ့တဲ့ ၁၅ နှစ်က အိုစမာ ဘင်လာဒင်ကို ကိုယ်တိုင် ပစ်သတ်ခဲ့တဲ့ အမေရိကန် ရေတပ် အထူးချွန်ဆုံးတပ်ဖွဲ့ဝင် တစ်ဦးက အဲဒီနေ့က စစ်ဆင်ရေး အတွေ့အကြုံနဲ့ ၉/၁၁ တိုက်ခိုက်မှုအပေါ် ခံစားချက်တွေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

အယ်လ်ကိုင်းဒါး (al Qaeda) ခေါင်းဆောင်ရဲ့ ခေါင်းကို သုံးချက်ပစ်ပြီး သတ်ခဲ့တဲ့ ရောဘတ် အိုနေး (Robert O’Neill) က သူ့ကို ပင်လယ်ထဲမှာ သင်္ဂြိုဟ်ခဲ့တာတစ်ခုပဲ နောင်တရမိတယ်လို့ ဆိုပါတယ်။ သူသာဆိုရင် နယူးယောက်မြို့က တံတားတစ်စင်းမှာ ချိတ်ဆွဲထားပြီး ဒေသခံတွေကို ကိုင်တွယ်ခိုင်းလိုက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သူဟာ ပါကစ္စတန်နိုင်ငံ အက်ဘော့တာဘတ်မြို့က ဘင်လာဒင်ရဲ့ လျှို့ဝှက်စခန်းကို ဝင်ရောက်စီးနင်းခဲ့တဲ့ Neptune Spear စစ်ဆင်ရေးအကြောင်းကို အသေးစိတ် ပြန်လည် ပြောပြခဲ့တာပါ။ ဒီမစ်ရှင်ကို မလုပ်ဆောင်ခင် သုံးပတ်အလိုမှာ ဒါဟာ လေ့ကျင့်ခန်း မဟုတ်ဘဲ အစစ်အမှန် ဖြစ်တယ်ဆိုတာကို စတင် သိခဲ့ရပါတယ်။ ဘယ်နိုင်ငံကို သွားရမယ် ဘယ်သူ့ကို ဖမ်းရမယ်ဆိုတာကို အစပိုင်းမှာ မသိခဲ့ရပေမဲ့ ဒုသမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးတို့ကိုယ်တိုင် တက်ရောက်တဲ့ ရှင်းလင်းပွဲမှာတော့ ဒါဟာ ဘင်လာဒင်ကို ဖမ်းဆီးဖို့ အနီးစပ်ဆုံး အခွင့်အရေး ဖြစ်တယ်ဆိုတာကို သိလိုက်ရပါတယ်။

သူတို့ဟာ ဘင်လာဒင်ရဲ့ အိမ်ပုံစံတူမှာ နေ့ရောညပါ လေ့ကျင့်ခဲ့ကြပြီး သမ္မတ အိုဘားမား (Obama) တောင် မသိနိုင်တဲ့ အဆင့်မြင့် Black Hawk ရဟတ်ယာဉ်တွေကို အသုံးပြုခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ဆင်းပြီး အမိုးပေါ်ကို ဆင်းသက်မယ့် အစီအစဉ်တွေ၊ ကားတစ်စီး ထွက်သွားရင် ဘာလုပ်မလဲဆိုတဲ့ အခြေအနေမျိုးစုံကို လေ့ကျင့်ခဲ့ကြပါတယ်။ 

အဆိုးဆုံး ဘာဖြစ်နိုင်လဲလို့ မေးချိန်မှာ "ရဟတ်ယာဉ်က ဘင်လာဒင်ရဲ့ အိမ်ရှေ့ဝင်းထဲ ပျက်ကျနိုင်တယ်" လို့ အငယ်ဆုံးတပ်ဖွဲ့ဝင်က ပြောခဲ့သလို တကယ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါဟာ တစ်လမ်းသွား ခရီးစဉ်ဖြစ်ပြီး သေဖို့အထိ ပြင်ဆင်ထားခဲ့ကြပါတယ်။ သူတို့ဟာ နာမည်ကျော်ဖို့ မဟုတ်ဘဲ လေယာဉ်အမှတ် ၉၃ (Flight 93) ပေါ်က အကြမ်းဖက်သမားတွေကို ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ ခရီးသည်တွေအတွက် သွားခဲ့ကြတာပါ။

မထွက်ခွာခင်မှာ သမီးလေးကို နှုတ်ဆက်ခဲ့ရတာဟာ အခက်ခဲဆုံး ဖြစ်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်က ဂျာလာလာဘတ် အခြေစိုက်စခန်းမှာ အမိန့်ကို စောင့်ဆိုင်းခဲ့ပြီး၊ အလင်းရောင် လုံးဝမရှိတဲ့ တနင်္ဂနွေနေ့ညမှာ စတင် ထွက်ခွာခဲ့ပါတယ်။ ၉၀ မိနစ်ကြာ ပျံသန်းရမှာဖြစ်ပြီး ပါကစ္စတန်က ပစ်ချတာ ခံရမလားဆိုတာကို မသိခဲ့ကြပါဘူး။ စီအိုင်အေ (CIA) က အမျိုးသမီး အရာရှိတစ်ဦးက ဘင်လာဒင်ကို ဘယ်လို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာနဲ့ စခန်းထဲမှာ ဘာတွေရှိနိုင်တယ်ဆိုတာကို အသေးစိတ် ရှင်းပြခဲ့ပါတယ်။ အိုနေးကတော့ သူတို့ ဖမ်းဆီးခံရမယ်ဆိုရင် ပါကစ္စတန် ထောင်ထဲကို မသွားဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကျည်ဆန်တစ်တောင့် ချန်ထားခဲ့ပါတယ်။ သမ္မတ အိုဘားမားကလည်း သူ့လူတွေကို ပါကစ္စတန် ရဲတပ်ဖွဲ့ထံ အဖမ်းမခံခိုင်းဖို့နဲ့ လိုအပ်ရင် အပြင်းအထန် တိုက်ခိုက်ဖို့ ညွှန်ကြားထားခဲ့ပါတယ်။

စစ်ဆင်ရေးဟာ ကိုးမိနစ်အတွင်းမှာ ပြီးဆုံးသွားခဲ့ပါတယ်။ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပေမဲ့ သူတို့ဟာ အိမ်ထဲကို အတင်းဝင်ရောက်ခဲ့ပါတယ်။ ပထမဆုံး တွေ့တဲ့တံတားက အတုဖြစ်နေပေမဲ့ ရဟတ်ယာဉ် ပျက်ကျတဲ့နေရာကနေ ပါလာတဲ့ တခြားတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းနိုင်ခဲ့ပါတယ်။ 

အိမ်ထဲက လမ်းလျှောက်လမ်းအတိုင်း သွားချိန်မှာ ကလေးတွေကို ဘေးကင်းရာ ရွှေ့ပေးနေတဲ့ သူတွေကို တွေ့ခဲ့ရပါတယ်။ လှေကားနားမှာတော့ ဘင်လာဒင်ရဲ့ သားဖြစ်သူ ခါလစ် ဘင်လာဒင် ရှိနေပြီး သူ့ကို ခေါ်ထုတ်ပြီး ပစ်သတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယထပ်ကို ရှင်းလင်းပြီး တတိယထပ်ကို တက်သွားချိန်မှာတော့ ဘင်လာဒင်ရဲ့ ဇနီးသည်တွေကို တွေ့ရပြီး သူတို့ဟာ အသေခံဗုံးခွဲသူတွေ ဖြစ်မလားလို့ စိုးရိမ်ခဲ့ရပါသေးတယ်။

လိုက်ကာကို ဖြတ်ပြီး ဝင်လိုက်ချိန်မှာတော့ ဘင်လာဒင်ကို သုံးပေအကွာမှာတင် တွေ့လိုက်ရပါတယ်။ သူဟာ တော်တော်လေး ပိန်လှီနေပြီး မီးခိုးရောင် မုတ်ဆိတ်တွေနဲ့ပါ။ သူ့ဇနီး အာမားလ်ရဲ့ ပခုံးကို ကိုင်ထားတာကြောင့် အိုနေးက သူ့ကိုယ်သူ ဗုံးခွဲတော့မယ်လို့ ယူဆပြီး ခေါင်းကို နှစ်ချက် အမြန်ပစ်ခတ်ခဲ့ပါတယ်။ လဲကျသွားချိန်မှာ နောက်ထပ် တစ်ချက် ထပ်ပစ်ခဲ့ပါတယ်။ အဲဒီနောက် ဘင်လာဒင်ရဲ့ ၂ နှစ်အရွယ် သားလေး ဟူစိန် (Hussain) ကို ဘေးကင်းရာ ရွှေ့ပေးခဲ့ပါတယ်။ သူတို့ရဲ့ စည်းကမ်းအတိုင်း ရုပ်အလောင်းကို ဓာတ်ပုံရိုက်ကာ အတည်ပြုခဲ့ပြီး ကွန်ပျူတာတွေနဲ့ အချက်အလက်တွေကို သိမ်းဆည်းခဲ့ပါတယ်။

ရဟတ်ယာဉ်ပေါ် ပြန်တက်ချိန်မှာတော့ Geronimo ဆိုတဲ့ ကုဒ်စကားလုံးနဲ့အတူ ဘင်လာဒင် သေဆုံးကြောင်း သတင်းပေးပို့နိုင်ခဲ့ပါတယ်။ ပါကစ္စတန် လေတပ်က တိုက်လေယာဉ်တွေ လိုက်လာမှာကို စိုးရိမ်ခဲ့ရပေမဲ့ မိနစ် ၈၀ အကြာမှာ အာဖဂန်နစ္စတန် နယ်မြေအထဲကို ပြန်လည် ရောက်ရှိသွားတဲ့အခါမှာတော့၊ ဘေးကင်းသွားပြီဆိုတာကို သိလိုက်ရပါတယ်။

David Spector ကရေးသားပြီး ၂၀၂၆ ခုနှစ် မေလ ၂ ရက် မှာထုတ်ဝေတဲ့ New York Post ရဲ့ သတင်းပါ။

Sean Koro

Post a Comment

0 Comments