About Me

header ads

အမေရိကန်လေတပ် B-21 Raider

 


အမေရိကန်လေတပ်ဟာ B-21 Raider ၏ ဓာတ်ပုံအသစ်တွေကို ထပ်ပြီးထုတ်ပြလာပါတယ်။
ထိုဓာတ်ပုံ၌ B-21 ၏ အပေါ်ပိုင်းကို ပထမဆုံးအကြိမ်ချပြလာတာလည်းဖြစ်ပါတယ်။ ဓာတ်ပုံထဲ၌ KC-135 ဆီဖြည့်လေယာဉ်ဖြင့် ဆီဖြည့်နေတာဖြစ်ပြီး ထိုလေယာဉ်ဟာ B-21 Raider များအနက် ပထမဆုံးစမ်းသပ်မျိုးကွဲဖြစ်သော Cerberus ဖြစ်ပါတယ်။ 
 
၎င်းကိုထုတ်လုပ်နေသည့် နာမည်ကျော် Northrop Grumman ကုမ္ပဏီ၏ အဆိုအရ B-21 ဟာ ဆီစားနှုန်းအလွန်သက်သာပြီး ၎င်း၏ ဆီစားနှုန်းဟာ စတုတ္ထမျိုးဆက်သို့မဟုတ် ပဉ္စမမျိုးဆက်တိုက်လေယာဉ်တစ်စီးစာသာရှိကြောင်းဆိုပါတယ်။ ဆိုလိုတာက B-21 ၏ ဆီစားနှုန်းဟာ တစ်မိုင်လျှင် 0.4 ဂါလန်သာ ရှိတော့တာကြောင့် ဒါဟာ တစ်မိုင်လျှင် ၄.၂ဂါလန် ဆီစားသည့် ယခင်မျိုးဆက် B-2 Spirit နှင့်ယှဉ်ပါက လွန်စွာသက်သာသော ပမာဏဖြစ်ပြီး စစ်ဆင်ရေး၏ အသုံးစရိတ်ကြီးမားမှုကိုတစ်ဖက်တစ်လှမ်းမှ လျှော့ချချွေတာနိုင်သလို တာဝေးတိုက်ခိုက်ရေးကိုလည်း အကုန်ကျသက်သာစွာပြုလုပ်လာနိုင်ပါတယ်။ 
 
B-21 ၏ အင်ဂျင်ဟာ ဆီစားသက်သာရုံသာမက အပူလိုင်းကိုလည်းလျှော့ချထားပါတယ်။ ၎င်းအင်ဂျင်များဟာ Bypass စနစ်ကို သုံးထားတာကြောင့် အင်ဂျင်၏ အပူချိန်ဟာ ယခင်မျိုးဆက်ထက် လျှော့နည်းသလို အင်ဂျင် exhaust ၌ အငွေ့ထုတ်လွှတ်မှုကို ထုထည်နည်းပါးစွာ ထုတ်လွှတ်နိုင်တာကြောင့် အနီအောက်ရောင်ခြည်အာရုံခံစနစ်များကိုရှောင်တိမ်းနိုင်ပါတယ်။ 
 
B-21 Raider ၏ အင်ဂျင်များဟာ Modular ဒီဇိုင်းကိုသုံးထားတာကြောင့် ပြုပြင်ရာ၌ ယခင် B-2 အင်ဂျင်များထက်ပိုမိုလွယ်ကူသလို အင်ဂျင်၏ အရည်အသွေးကိုပါ စိတ်ချရသည့်အဆင့်၌ ထုတ်လုပ်ထားသဖြင့် ပြုပြင်ထိန်းသိမ်းစရိတ်အလွန်သက်သာသွားကြောင်းသိရပါတယ်။ 
 
ထို့အပြင် B-21 အင်ဂျင်များဟာ လေယာဉ်ကိုယ်ထည်အတွင်း၌ မြုပ်နှံတပ်ဆင်ထားသလို အပူလိုင်းဖိအားကို စနစ်တကျ စီမံကွပ်ကဲနိုင်သည့် အဆင့်မြင့်နည်းပညာပါရှိတာကြောင့်ရေဒါဖြတ်ပိုင်းပုံရိပ် (RCS) ကို ယခင်ထက်ပိုမိုလျှော့ချထားနိုင်ပါတယ်။ 
 
Northrop Grumman ကုမ္ပဏီဟာ B-21 ၏ အင်ဂျင်ကို ထိုသို့အဆင့်မြင့်စနစ်များစွာဖြင့် ထုတ်လုပ်ထားတာကြောင့် အမေရိကန်လေတပ်၏ တာဝေးထိုးဖောက်တိုက်ခိုက်ရေး ဗုံးကြဲလေယာဉ် Long-Range Strike Bomber (LRS-B) စီမံကိန်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါတယ်။ B-21 ဟာ ယခင် B-2 Spirit ထက် အရွယ်အစား၌ ပိုမိုသေးငယ်သော်လည်း ပိုမိုဝေးဝေးပျံနိုင်သလို ပျံသန်းနိုင်သည့် Altitude ၌လည်း ယခင် B-2 ထက်ပိုမြင့်မြင့်ပျံသန်းနိုင်ကြောင်းဆိုပါတယ်။ 
 
ထိုကြောင့် B-21 Raider ကိုသုံးကာ စစ်ဆင်ပါက အမေရိကန်လေတပ်အနေဖြင့် B-2 များကို အီရန်၏ နျူစီမံကိန်းအား ဗုံးကြဲခဲ့စဉ်ကလို ဆီဖြည့်လေယာဉ်များစွာကိုအသုံးပြုစရာမလိုတော့ကြောင်း သိရပါတယ်။
စစ်လက်နက်လေ့လာသူအချို့ ချီးကျူးနေကြသည်မှာ B-21 ၏ အင်ဂျင် Exhaust ပေါက်တွေဖြစ်ပါတယ်။ ယခင်က B-2 လို အင်ဂျင်လေးလုံးမဟုတ်တော့ဘဲ (၂)လုံးဘဲဖြစ်သွားပြီး မြင်ရသည့်အတိုင်း ကိုယ်ထည်အတွင်း၌ မြုပ်ထားပါတယ်။ ယခင် B-2 ခေတ်တွင် ထိုနေရာဟာ လုံးဝ အထိအခိုက်မခံနိုင်သည့် အစိတ်အပိုင်းဖြစ်ပါတယ်။ 
 
ကိုယ်ထည်အတွင်း၌ မြုပ်လိုက်ခြင်းဟာ ကောင်းကျိုး‌အ‌နေဖြင့် အနီအောက်ရောင်ခြည်ထုတ်လွှတ်မှုကို လျှော့ချနိုင်သော်လည်း ဆိုးကျိုးအနေဖြင့် Exhaust ပေါက်မှ ထွက်လာမည့် အငွေ့များဟာ ကိုယ်ထည်ကို လာဟပ်နေမှာဖြစ်တာကြောင့် ရေရှည်၌ ကိုယ်ထည်၏ ကိုယ်ပျောက်ဆေးသားအား ထိခိုက်ခြင်းနှင့် ကိုယ်ထည်ကြံ့ခိုင်မှုလျှော့ကျခြင်း စသည်တို့ဖြစ်လာနိုင်ပါတယ်။ ထိုကြောင့် ၎င်းစွ့န်ပစ်အပူငွေ့များကိုစုပ်ယူနိုင်သည့် အထူးထုတ် နည်းပညာဖြင့် အပူငွေ့စုပ်ယူသည့်စနစ်နှစ်ခုအား ထိုနေရာ၌ တပ်ဆင်ထားနိုင်ဖို့လိုအပ်နေပါတယ်။
 
နောက်တစ်ချက်က Cockpit ဧရိယာကိုအတော်လေးချုပ်ထားတာကိုမြင်ရပါတယ်။ ဒါဟာ B-21 Raider ၏ ‌ကိုယ်ပျောက်နိုင်စွမ်းကို မြင့်တင်ပေးတာဖြစ်သော်လည်း Crew များအတွက်
မြေပြင်သို့ဆင်းသက်ခြင်း၊ အရံချဉ်းကပ်လမ်းမှ ‌ ပြေးလမ်းပေါ်သို့ မောင်းနှင်ခြင်း စသည်တို့၌ လုံလောက်သည့် မြင်ကွင်းမျိုးပေးစွမ်းနိုင်မည်လားဟူသည့် မေးခွန်းထုတ်သူများလည်းရှိနေပါတယ်။ 
 
သို့သော်ပညာရှင်များ၏အဆိုအရ Northrop Grumman ဟာ ထိုအချက်ကိုထည့်သွင်းတွက်ချက်ထားပြီးဖြစ်ကာ ဤသို့ မှန်ဘောင်ဧရိယာများကို ချုံ့လိုက်ပြီး ကိုယ်ပျောက်ဆေးပါ လေယာဉ်ကိုယ်ထည်ဧရိယာများဖြင့် အစားထိုးထားခြင်းဟာ B-21 Raider ၏ ရေဒါဖြတ်ပိုင်းပုံရိပ်ကို လျှော့ချရာ၌ အထောက်အကူ‌ပြုနေသည့် အချက်တစ်ခုဖြစ်နေပါတယ်။ 
 
Northrop Grumman ကုမ္ပဏီဟာ B-21 ထုတ်လုပ်မှုကို အရှိန်မြင့်နေခဲ့ပြီး စမ်းသပ်မှုနှင့် ထုတ်လုပ်မှုကို တစ်ပြိုင်တည်း မြင့်တင်နေပါတယ်။ ပထမဆုံး တပ်တော်ဝင်အသုံးပြုနိုင်မည့် B-21 Raider လေယာဉ်အား ၂၀၂၇ ခုနှစ်တွင် Ellsworth လေတပ်စခန်းသို့ အရောက်ပို့နိုင်ရန် ရည်မှန်းချက်ထားလုပ်ဆောင်နေကြောင်းသိရပါတယ်။

Post a Comment

0 Comments