About Me

header ads

စိုင်းထီးဆိုင်.. အပိုင်း ၄

 


/မတ်လ ၁၀ရက် နေ့ ကိုထီးကွယ်လွန်တဲ့
၁၈ နှစ်မြောက်နဲ့ တိုက်ဆိုင်ခဲ့ /
မန်းတက္ကသိုလ်တဝိုက် သူတို့အဖွဲ့ တီးခတ်သီဆိုပုံကိုအားပေးမှုများလာချိန်
ဆရာလိတ်ရေးတဲ့ကိုယ်ပိုင်သံစဥ်မြန်မာသီချင်းအတော်များများရှိလာချိန်
မန္တ​လေး စင်ထရယ် ( ဗဟို ) တေးသံသွင်း က ဦးကျော်စိန် နောက် ကိုချာလီ ကိုဂေါ်ဒင် တို့က မန္တလေးရုပ်ရှင်ခြံမှာ အသံဖမ်းကြည့်ဖို့စီစဥ်ကြ ။
အဆင့်မြင့်စက်နဲ့တော့ မဟုတ်။
ရုပ်ရှင်ဇာတ်ကား အသံ Dubbing လုပ်တဲ့ စက် မို့
အပျော်တမ်းသဘောလောက်ဖြစ်နေပေမယ့် အားလုံးစိတ်အားတက်ကြွနေကြ
ဆရာစိုင်းခမ်းလိတ် နဲ့ နွဲ့တင် တို့ပါ စားစရာတွေယူလာပြီး စောင့်ဆိုင်းအားပေးကြ ။
Lead စိုင်းထီးဆိုင်
ရစ်သမ် ခွန်မျိုးလွင်
Bass စောသိမ်းဝင်း
Drum ဧည့်သည်တော်ကိုကိုကြီး
အဆို ကတော့ ကိုထီး ပင်တိုင်
တစ်ရက်တည်း နှင့် ၁၀ ပုဒ်အပြီး သွင်း ကြ
ပြီးစီးသွားချိန် ရီကော်ဒါကြီး ဖွင့်ပြန်နားထောင်ကြတော့
တီးလုံးသံက စတီရီယိုဟိုင်ဖိုင်သံမထွက်
အဆိုပိုင်းမှာကြတော့ မြန်မာစကားလုံးအသံ တအားဝဲနေ။
မန္တလေး Central ဆိုင်မှာ တခါတရံဖွင့်ထားပေးတတ် ။
အဲ့ဒီ့အချိန်နဲ့ တိုက်ဆိုင်အောင် စက်ဘီးတွေ နင်းပြီးတကူးတကသွားရောက်နားထောင်ကြရ။
မန္တလေးပရိတ်သတ်ကတော့ကြင်နာစွာ ဖေးမကြိုဆိုအားပေး။
မကြိုက်တဲ့သူတွေရဲ့ဝေဖန်သံတွေ ကလည်း အဖိုးတန်မှတ်ချက်တွေတော့ရခဲ့ ။
ရန်ကုန်ထွက်စတီရီယိုတေးတွေနဲ့ ယှဥ်ကြည့်ရင် သီချင်းတွေက အညံစားမဟုတ်တာတော့သေချာ ။
သူတို့တစ်ဖွဲ့လုံးပြန်အားတက်လာပြီး ရန်ကုန်မှာ ကောင်းကောင်းမှာအသံဖမ်းနိုင်ရင်ပိုကောင်းလာမယ်လို့တွေး။
သူတို့တီးတဲ့ပွဲတွေမှာ ဆုချီးမြှင့်နေကြ
မန္တလေးလက်ဘက်ခြောက် ဦးအေး တို့က လိုအပ်မယ့်ငွေကြေးအများစု မတည်။
နောက်ထပ်လိုအပ်တာတော့သူတို့အဖွဲ့ စုစိုက်။
ရန်ကုန်စက်မှုတက္ကသိုလ် အဆောင်မှ သူငယ်ချင်း စိုင်းစိုးမြင့် ဝင်းနိုင် တို့က သူတို့လာတည်း ချိန်မှာ အဆောင်အခန်းတွေချဲပေးထား ။
အဆောင်နေကျောင်းသားတွေကလည်း ကူညီကြ။
မန်းဆေးတက္ကသိုလ် အဂ်လိပ်စာဌာန မှ ကိုထီးဆရာမတစ်ယောက် က အခက်အခဲရှိပါက အကူအညီတောင်းဖို့
ရန်ကုန်က ဆရာမ ဒေါ် Joyce Win ထံသွားတွေ့ဖို့ စာတစ်စောင် ရေးပေးလိုက်။
သွားတွေ့လျင် အကြံဉာဏ်ကောင်း ရမှာသေချာပေမယ့်
သူတို့အဖွဲ့တွေးထားတဲ့ ပုံစံနဲ့
တစ်မျိုးစီ ဖြစ်နေရင် ဗျာများသွားနိုင် မှာ မို့ သွားမတွေ့ဖြစ်တော့။
အဲ့ဒီဆရာမ ဒေါ် Joyce Win
ဆိုတာ နောင် အဆိုတော် နွဲ့ယဥ်ဝင်း ဖြစ်လာ...
ရန်ကုန်မှာ အဆိုတော်
စိန်လွင် Playboy သန်းနိုင် တို့
ဦးလေး ဦးဘသိန်း စတူဒီယို က
အကောင်းဆုံးမို့ အဲ့သည့်မှာပဲ အသံသွင်း ဖို့စီစဥ် ။
ပိုင်ရှင် ဦးဘသိန်း ကတော့ Playboy ဂီတအဖွဲ့ကို ငှားတီးလိုက်ပြီးရော ဆိုတဲ့သဘောထားမျိူးရှိ ။
သူ့တူ Playboy သန်းနိုင်လာလယ် ချိန်မှာလည်း ကိုသန်းနိုင်က
"သီချင်းလေးတွေကောင်းတယ်ဗျ ခင်ဗျားအဆိုပိုင်းလည်း သဘောကျတယ် တီးဝိုင်းသာကောင်းရင် ပိုနာမည်ကျော်မှာပေါ့ " လို့ပြောသွား။
အလားအလာရှိတဲ့ လူငယ်အဆိုတော်ကို သူတို့တီးဝိုင်းနဲ့
တွဲစေချင်တဲ့ သဘော ။
ကိုထီးကတော့ ရန်ကုန်တီးဝိုင်းရဲ့ လောင်းရိပ်မလွတ်မှာစိုးလို့
သူတို့ဘော်ဒါတွေနဲ့ပဲ တီးမယ်လို့ ဆုံးဖြတ်ခဲ့
Lead စောဂျက်ဆင်
ရစ်သမ် စိုင်းထီးဆိုင်
Bass စောသိမ်းဝင်း သိန်းတင်ထွဋ်
Drum စိုင်းခမ်းသီ 🪕🎸🎻🥁
စတူဒီယို မှာ တူရိယာတွေ ချထားမပေးတော့ ခဝဲခြံက
The Might Knights ။
အင်းစိန် က The Crescendo
တို့ထံ ဆက်သွယ်ကြည့်
အဲ့ဝိုင်း က Lead ဂီတာသမား
Victor Raj က လိုလိုချင်ချင်ကူညီ
ဂီတာအပြင် ဒရမ်ပါ ငှားခဲ့ ။
နိုင်ငံခြားဖြစ်ပစ္စည်းအကောင်းစားတွေ သူတို့အဖွဲ့ ပထမဆုံး ကိုင်ဖူးခြင်းဖြစ် ။
ကူညီပေးတဲ့ Victor Raj ဆိုတာ နောင် The Aces တေးဂီတ အဖွဲ့ နာမည်ကျော် Bass ဂီတာသမား ဖြစ်လာမယ့်
ဆလိုင်းဇာလျန်း / Covid တတိယလှိုင်းတွင် ကွယ်လွန်ခဲ့/
မာစတာခွေထွက်တော့ ရန်ကုန်ရှိတေးသံသွင်းတွေလိုက်ပြရာ
မယူကြ။
မန္တလေး စင်ထရယ် ကလည်းဖြန့်ချီဖို့အထိမစွန့်စားရဲ။
တစ်ပုဒ် ၂ ကျပ်နှုန်း နဲ့
တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်
လိုက်ဖြန့်ရ ။
တောင်ကြီး မောတေးသံသွင်း တစ်ခုပဲ လိုလိုလားလားဝယ်ယူပေးခဲ့
သီချင်းတွေ မပျံ့နှံ့လို့ စိတ်ဓာတ်ကျနေချိန်မှာ
ကိုထီး
အောင်ခိုင်မြင့် နဲ့ ဆုံ
တောင်ကြီးကျောင်းတက်တုန်းခင်ခဲ့တဲ့ ဘော်ဒါ
အောင်ခိုင်မြင့် အဖေ က ဝန်ထမ်း ။အဖေတာဝန်ကျရာ
ကျောင်းလိုက်တက်ရသူမို့
မုံရွာမှာလည်း အနေကြာ
ရန်ကုန် ပန်းဆိုးတန်း မှာလည်း
အိမ်ရှိ
" မပူ နဲ့ ကိုယ်ရန်ကုန်မှာ လိုက်ဖြန့်ပေးမယ် မာစတာခွေသာထား ခဲ့ ။ "
အောင်ခိုင်မြင့်က ရန်ကုန် ဆိုင်တွေ လိုက်ဖြန့်။ ယူမထားသော
ဆိုင်တွေမှာ သူတို့သီချင်းတွေ့လျင် အစ် အောက်မေးကြည့်ပြီး
တရားဝင်ယူအောင်လုပ် "
အဲ့ဒီလို နဲ့ သီချင်းတွေ က
ပရိတ်သတ်ကြားထဲ ပျံနှံ့ခဲ့ ။
ကိုထီး ကတော့ သူငယ်ချင်း
အောင်ခိုင်မြင့် ကို မှတ်မှတ်ရရ
ကျေးဇူးတင်ခဲ့
စေတနာကောင်းတဲ့ သူငယ်ချင်း
အောင်ခိုင်မြင့် ကလည်း
နောက် ၈ နှစ်လောက်အကြာမှာ
" အချစ်ရေ နေလို့မှ ကောင်းရဲ့လားကွယ် ကိုယ်သိပ်ပြီးစိတ်ပူတယ် 🎶🎵🎼 ... " ဆိုပြီး ပေါက်ခဲ့တဲ့
အဆိုတော် ဂျေမောင်မောင်
ဖြစ်လာ
ကိုJ ကြီး ဟာ တေးရေးကောင်း
သူလည်း ဖြစ်ပြီး
ခိုင်ထူး ရဲ့
` ဆို `
` ရွှေလသာမှ `
` မင်းလောက်ကိုယ့်အပေါ် ဘယ်သူမှ မကောင်းဘူး `
`သိလား `
ခင်မောင်ထူး ရဲ့ ` မျှော်တော်ယောင် `
ဂျေညီညီ ရဲ့ `စွဲနေပြီ `
` အချစ်မိုးဘယ်တော့ရွာမှာလဲ `
...
သီချင်းကောင်းတွေ ကို တေးရေးခဲ့သူဖြစ်
ကိုထီး တို့ တစ်ခေတ်တည်းအတူ ဖြတ်သန်းခဲ့သူတွေဟာ
ခေသူတွေတော့ မဟုတ်ကြ
🎵🎶🎼🪕🎸🎻
အပိုင်း ၅ ဆက်လက် ဖော်ပြပါ မည်
ရေးသားသူ ဘိုဘိုထွန်း တောင်ဥက္ကလာ
... ... ...
# Credit
ဓာတ်ပုံ နှင့်
ယခု post ပါ အချက်အလက်အများစုကို
ဆရာ " နိုင်ဇော် " မန်းဆေးတက္ကသိုလ် ရေးသားသည့်
` ညဥ့်ရဲအချိန်မှာ မျှော်မျှော်ကာစောင့်တဲ့ အလင်းရောင် ထူးခြား
တောက်ပလို့ "
စာအုပ်မှ ရယူထားပါသည်
Click here for >>>>>Source  

Post a Comment

0 Comments